အဖွားရဲ့ ဓျာပန

Geschrieben am 23.04.2010 von shweyoat

အိမ်ပြန်ရောက်မှပြောလိုက်တဲ့စကားကြောင့် ရင်ဘက်ကိုဆောင့်ပြီးတွန်းလိုက်သလိုခံစားရပါတယ်။
``သမီး ဖုန်းလာတယ် ဖွားဖွားဆုံးပြီ....´´
``ဖေဖေရော ဖေဖေ ...´´
အရေးတကြီးကတော့ ဖေ့ဖေ့ကိုဘဲ ဘာကြောင့်လဲဆိုတော့ ဖေဖေ့အမေလေ ...ခုဆုံးသွားတာ ။ ဖွားဖွားတို့က လှည့်ကူးမြို့လေးမှာနေကြတာပေါ့
ဖိုးဖိုးဆုံးပြီးတစ်နှစ်ဘဲံရှိသေးတယ်ထင်တယ် ။ ရွှေရုပ်က ပထမနှစ်တုန်းက ဖိုးဖိုးဆုံးပြီး ရွှေရုပ်ဒုတိယနှစ်မှာဖွားဖွားဆုံးတာပါ။ ရွှေရုပ် မေမေဘက်က ဖိုးဖိုးဖွားဖွားကတော့ ရွှေရုပ် ငယ်ငယ်လေးထဲက
မရှိတော့ပါဘူး ။အဖိုးတွေ အဖွားတွေ တစ်ယောက်မှမရှိတော့ဘူးဆိုပြီး
ဝမ်းနည်းလိုက်ရတဲ့ဖြစ်ခြင်း ။ ဒါနဲ့ လှည့်ကူးကို တန်းပြီးသွားတာ
အကျီတောင်မလဲနိုင်ပါဘူး။
ရွှေရုပ် ဖိုးဖိုးတို့ အိမ်ရောက်တော့ လူတွေစုံနေပြီ
``ထကြည့်ပါဦး ညီမလေးရဲ့ နင့်မြေးလာပြီလေ သူ့ကိုအချစ်ဆုံးဆို.......´´
ရွှေရုပ် ခြံထဲ ၀င်ဝင်ခြင်း ဖွားလေး အော်ငိုလိုက်တဲ့ အသံကြောင့် ရွှေရုပ်
နည်းနည်းလန့်သွားမိပါတယ်။ အိမ်လည်ခေါင်မှာ အဖွားအလောင်းကိုလဲ
ပြင်ထားသေးတယ်လေ ။ သေပြီးပြီဆိုကတည်းက ၀မ်းနည်းတာကသပ်သပ်
ကြောက်တာကသပ်သပ်ဘဲ။ တော်ကြာ သေတဲ့ အဖွားက မြေးအချစ်ဆုံးဆို သတိရပြီး
ရွှေရုပ်နားက မခွာရင် ဘယ်နှယ့်လုပ်မလဲနော်။ ဒါနဲ့ ခြေလှမ်းတွေက အဖွား
အလောင်းနားမရောက်ခင် ရပ်သွားပါတယ် ။ နောက်ဆုံးအကြိမ်တော့
အဖွားကိုကြည့်ရမယ် လူတွေ အဖွားဘေးမှာ ရှိတုန်းကြည့်မယ် ဆိုပြီး အရဲစွန့်ကာ
မျက်ရည်တွေလဲ ကျလို့ပေါ့ ။ ဖြစ်ချင်တော့ အဖွားနားမရောက်မှီ ကိုယ့်ထမီစ
ကိုယ်တက်နင်းကာ အဖွားအလောင်းကို ပြေးဖက်မိရက်သား ဖြစ်သွားတယ် ။လူလဲ
ဘယ်လိုဖြစ်မှန်းမသိဘူး ကြက်သိမ်းထက် ကြီးတဲ့ ကြက်ဆင်သိမ်းတွေ ထတယ်ထင်ရဲ့
ငိုတဲ့အရှိန် တစ်ခါတည်းပျယ်တယ် ။ ဒါပေမယ့် ဘေးလူတွေရော ရွာခံတွေရော နောက်
ရပ်ကွက်လူကြီးတွေလဲရှိနေတယ်လေ ။ ချော်လဲပြီးကြောက်တယ်ဆို ၀ိုင်းရီကြဦးမယ်
။ဒါကြောင့် ချော်လဲ ရောထိုင်ကို ကျကျနနဘဲ အသုံးပြုကာ
``ဖွားရော ဖွား ထကြည့်ပါဦး ဖွားမြေးလာပြီလေ....အီးဟီးဟီး...´´
မျက်ရည်တွေရော နှပ်တွေပါရောကာကျလာပါတယ်။။။တကယ်ကိုငိုလိုက်တာပါ
။ချော်လဲပြီး ကြောက်တာရောပါတယ်။ လူကြီးတွေကတော့ အော် ငိုရှာတယ် ထင်တယ်။
တကယ်လဲ ငိုတာပါဘဲ။ ပြီးတော့ ဘေးက ဖွားလေးက ရွှေရုပ်ကို တွဲခေါ်ကာ
ထိုင်ခုံမှထိုင်ခိုင်းပါတယ် ။ပြီးတော့ ပေါင်မုန့် ပူတင်းတစ်ထုပ်လာပေးတယ်
ကော်ဖီတစ်ခွက်နဲ့ပေါ့ ။ ရွှေရုပ် ငိုရင်းကနေ၀မ်းနည်းလာတဲ့ အရှိန်နဲ့
`ဒီလောက်ဝမ်းနည်းနေတာ ဒါတွေဘယ်လိုစားလို့ရမှာလဲ ဆိုပြီး ဖွားလေး အလစ်မှာ
ဧည့်ခန်းတစ်နေရာကို အားကုန်လွှင့်ပစ်လိုက်တယ် ။
ပေါင်မုန့်ပူတင်းကိုပေါ့။ပြီးတော့ ထပ်ငိုတယ်။ လူက ချော်လဲတုန်းက
နှလုံးတုန်တာ မပျောက်သေး အဖွာအလောင်း ကိုကြည့်ပြီး စိတ်ထဲံကတော့
``အဖွား သမီးကို လာမခြောက်နဲ့နော်ဘဲ....´´
အပြင်မှာတော့ မျက်ရည်တွေစီးကျလို့........ညနေကျတော့ ဗိုက်တွေကဆာလာပါတယ်
။ငိုထားတာလဲ များတယ်ဆိုတော့ ဗိုက်က အော်ပြီးတောင်ဆာတာ ။ ဒါပေမယ့်
မီးဖိုခန်းထဲမှာလဲ လိုက်လှန်ကြည့်တာ ဘာမှမရှိ ခုနက လွှင့်ပစ်လိုက်တဲ့
မုန့်ကို လိုက်ရှာကာ ငိုရင်းဘဲ အဲ့ပါမုန့် ပူတင်းထုတ်ကို
ကုန်အောင်စားလိုက်ပါတယ်။ အဖွားအလောင်းကို ရေဝေးသုသာန်သို့
ပို့လိုက်ပါတယ်။ ရွှေရုပ်လဲ အဖွားအိမ်မှာမနေရဲတဲ့အတွက် အိမ်ကိုပြန်လာခဲ့တယ်။
အဖွား အလောင်း မီးသဂြိင်္ုလ်တဲ့နေ့ပေါ့ ။
``သမီး အန်တီအေးဖုန်းဆက်တယ် သမီးနဲ့ အန်တီအေးက ရေဝေးကိုကြိုသွားပြီး လုပ်စရာရှိတာ လုပ်ထားမယ်တဲ့´´
အဲ့တော့ ရေဝေးမှာပေါ့ ။ ရေခဲတိုက်ထဲကနေ လူသေအလောင်းတွေထုတ်လာတယ် ။ အဲ့တော့
အဖွားအလောင်းကိုထုတ်ဖို့လုပ်ရတယ် သူများအလောင်းတွေ များနှုတ်ခမ်းနီနဲ့
ပန်းတွေ နဲ့ ရွှေရုပ်တို့လဲ ပန်းတွေ အများကြီးဝယ်လာတယ် ။ ရွှေရုပ်ကြိုက်တဲ့
နှင်းဆီပန်းတွေကြီူးဘဲလေ ။အဖွားကို နှင်းဆီပန်းတွေနဲ့
နောက်ဆုံးခရီးကိုလှနေအောင်လုပ်ပေးဖို့စဉ်းစားထားတယ် ။ အဖွားခန္ဓာကိုယ်က
ဝပါတယ်။ အဲ့တော့ ရိုးရိုးအခေါင်းတွေနဲ့ အဖွားမဆန့်ဘူး ။ အဲ့တော့ အဖွားက
အလူမီနီယံအခေါင်းနဲ့ အပြင်ကလဲ မြင်ရတယ် သွားကြည့်မှမဟုတ်ဘူး အဲ့တော့
ကြည့်လို့ကောင်းအောင်တော့ပြင်ပေးရမှာပေါ့။ဟိုတစ်နေ့ကဘဲ
အဖွားအလောင်းကိုခလုတ် တိုက်ပြီးဖက်မိသေးတဲ့ နဲနဲတော့
အတွေ့အကြုံရှိပြီပေါ့ ။ ခဏကြာတော့ ရေခဲတိုက်ထဲက ထွက်လာတဲ့ အဖွားကိုယ်မှာ
ရေမှုန်လေးတွေသီးလာပါတယ်။
``ရွှေရုပ်ကြည့်စမ်း အမေက ချွေးလေးတွေစို့လာတယ်တော့ ....အီးဟီးဟီး....´´
ရွှေရုပ်လဲတော်တော်လန့်သွားတယ် ။ စို့မှာပေါ့ ရေခဲတိုက်ထဲမှာ အေးပြီး
အပြင်အပူချိန်မှာ ဆိုတော့ အဖွားက ရေမှုန်တွေကရေတွေ ဖြစ်လာတာပေါ့။
အဲ့လိုစဉ်းစားမိပြီးတော့သိပ်မကြောက်တော့ဘူးလေ...
အဖွားကိုအလှပြင်ကြပါတယ်။ ဘယ်သူမှမကိုင်ခိုင်းဘဲ ရွှေရုပ်နဲ့ တီလေးအေးတို့
တက်ညီလက်ညီပြင်လိုက်ကြပါတယ် ။အဖွားတော်တော်ချောသွားတယ်။ အမှန်တော့
ကြည့်ကောင်းအောင် ပြုပြင်တာပါ ။ရှိသမျှ ပန်းတွေကို အဖွားကိုယ်ပေါ်ကို တင်ကာ
အဖွားကို အလှဆုံးဖြစ်အောင် ပြုပြင်ပေးပြီးတဲ့အခါ ရွှေရုပ်လဲ အားမရှိတော့ပါ
။ အဖွားကိုစွန့်ခွာလိုက်ရ တော့မှာပါလားဆိုပြီးတစ်ဖန် ပြန်၍
ဝမ်းနည်းလာပါတော့တယ်။ အဖွားကို သရဏဂုံတင်ပြီး သဂြိုလ်ကြတော့ ငိုလိုက်ကြတာ
။ အဖွားအလောင်းကြီးကိုဆွဲထားတဲ့ သူကရှိသေးတယ် ။တကယ်ပေးရင် ယူမှာကြနေတာဘဲ ။
သူတော့ခလုတ်တိုက်ပြီးဆွဲတယ်မထင်ဘူး တက်မတက်ချက်မတက်ဘဲ(ငိုတာပြောပါတယ်)။
ရွှေရုပ် စိုးရိမ်တာက ရွှေရုပ်ဖေဖေ ။ ဖေဖေက သွေးတိုးရှိတယ် ။နောက်ပြီး
ဖေဖေ့နှလုံးသားအရမ်းနုနယ်ပါတယ်။ ဒါပေမယ့် ဖေဖေက
သူ့ညီမတွေကိုလိုက်ထိန်းနေရလိုထင်တယ် .အဖွားအတွက် သိပ်မပူနိုင်
ဟုတ်လဲဟုတ်ပါတယ်
သေတဲ့သူကပြန်ရှင်လာမှာမဟုတ်ဘူးလေ...ဒါပေမယ့်ဟိုတစ်ယောက်ကတော့
အဖွားအခေါင်းကို ဆွဲထားတုန်းမလွှတ်ဘူးရွှေရုပ်တောင်ကြည့်ရင်းကြောက်လာတယ်
ဘာဖြစ်သွားပါလိမ့်ပေါ့
``မလုပ်ကြပါနဲ့  မီးမရှို့ပါနဲ့´´
မနည်းဝိုင်းဖယ်ရတယ် ။ ငိုတဲ့သူကငို ၀ိုင်းကြည့်တဲ့သူကကြည့် ရွှေရုပ်တော့
ဖွားကို သေသေချာချာထိုင်ကန်တော့ခဲ့တယ်။ သဂြိုလ်စက်ထဲကို
အဖွားဝင်သွားတော့အထဲက အသံကြားတယ် ဖိနပ်မပါဘူးဆိုဘဲ ။။။
အဲ့တော့ ခုနငိုနေတဲ့ တစ်ယောက်က သူ့ဖိနပ် ချွတ်ပေးလိုက်တယ် ပြောတာတော့
နောက်ဘ၀မှာ အဖွားဖိနပ်မပါမှာစိုးလို့ဆိုဘဲ။အားလုံးပြီးသွားတဲ့အခါ
လူတွေလဲပြန်ပြီ ရွှေရုပ်တို့ကတော့ အကုန်ပြီးအောင်လုပ်ပေးမယ်ဆိုပြီးနေခဲ့တယ်
။အဲ့တော့ အဖွားကိုမီးလဲသဂြိုလ်ပြီးရော အဲ့ထဲက လူတစ်ယောက်က
ခုနပစ်ပေးလိုက်တဲ့ ဖိနပ်သစ်ကိုစီးထွက်လာတာကို ဖိနပ်ပစ်ထည့်ပေးတဲ့သူရော
ရွှေရုပ်ပါမြင်လိုက်ပါတယ် ။ အဖွား ရဲ့ မီးခိုးငွေ့တွေကြည့်ပြီူး အဖွားကို
ဆုတောင်းပေးနေချိန်မှာ ခုန ငိုကြီးချက်မကတော့ ငါ့ဖိနပ် အဖွားပေးတာ
အဲ့ကောင်က ယူတယ်လို့ ပြောလို့မဆုံးတော့ ။
ဘာဘဲဖြစ်ဖြစ် ရွှေရုပ်ရဲ့ အဖွားကတော့ ကောင်းမွန်စွာသဂြိုလ်ပြီြး့ဖစ်ပါတယ်.......
.....................................................................

ရွှေရုပ်

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ငွေတစ်ရာကျပ် အလည်ထွက်သည်။   Zurück zu Blog   ငုဝါပင်လေးရှဲ့ဆန္ဒ →
© 2013-2024 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.