♥...နှုတ်ဆက်ဖို့မမေ့ပါနဲ့...♥

Geschrieben am 23.02.2010 von prettygloria
Tags:♥နှုတ်ဆက်ဖို့မမေ့ပါနဲ့♥

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ် (တရုတစကား)်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်ပါတယ်။

တစ်နေ့မှာ အားလပ်ရက်ရတဲ့ အိန်ဂျယ်တစ်ပါး လူ့ပြည်ကိုအလည်ရောက်လာခဲ့တယ်။
လူ့ပြည်ကိုရောက်ပြီး ပျင်းတာနဲ့ အိန်ဂျယ်ဟာ ကောင်မလေးတစ်ယောက်ကို
"မင်းရဲ့လိုအင်ဆန္ဒတွေအားလုံး ငါဖြည့်ပေးနိုင်တယ်။ အာဏာ... ငွေကြေး...
ရုပ်ရည်... အချစ်.. ဘာတွေလိုချင်သလဲ" လို့ မေးလိုက်တယ်။ အိန်ဂျယ်အမေးကို
ကောင်မလေး အသေချာစဉ်းစားလိုက်တယ်။ ကောင်မလေးတောင်းဆိုသမျှကို
သူအစွမ်းကုန်ဖြည့်ပေးပြီး သူ့ကို လေးစားကြည်ညိုလာအောင် ဘုန်းတန်ခိုးတွေ
ပြလိုက်မယ်လို့ အိန်ဂျယ်စိတ်ကူးနေခဲ့တယ်။

"ညတိုင်း ကျွန်မအိပ်ရာမဝင်ခင် အရှင့်ဆီက ဝမ်အမ်ဆိုတဲ့စကားတစ်ခွန်းကို
ကြားချင်ပါတယ်"

ကောင်မလေးရဲ့ ရိုးရှင်းတဲ့စကားကိုကြားတော့ အိန်ဂျယ်အံ့သြသွားတယ်။
သူထင်ထားတာက ရုပ်ရည်၊ ငွေကြေး စတာတွေကို ကောင်မလေးတောင်းလိုက်မယ်လို့
ထင်ခဲ့တယ်။

"ကောင်းပြီ.. ဒါ အလွယ်ကူဆုံးပဲ" ဆိုပြီး အိန်ဂျယ်က ဘာမှမစဉ်းစားဘဲ
ကောင်မလေးကို လွယ်လွယ်ကူကူ ဂတိပေးလိုက်တယ်။ ကောင်မလေးက
မျှော်လင့်ချက်အပြည့်နဲ့ ညတိုင်း အိန်ဂျယ်ဆီက "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းကို စောင့်နေခဲ့တယ်။ အိန်ဂျယ်က
ကောင်းကင်ပေါ်ပြန်ရောက်သွားလည်း ကောင်မလေးကို "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းနဲ့ အသဲပုံလေးပါဆွဲပြီး ဂွတ်နိုက်kissလေးကို
အင်တာနက်ကတစ်ဆင့် အမြဲပေးခဲ့တယ်။ အိန်ဂျယ်ဆီက နှစ်သိမ့်စကားတွေနဲ့
ညတိုင်း ကောင်မလေးကျေကျေနပ်နပ် အိပ်ရာဝင်ခဲ့တယ်။ သူ့အိပ်မက်ထဲမှာတောင်
ကြည်နူးခြင်းရနံ့တွေနဲ့ သင်းပျံ့မွှေးကြိုင်လို့နေတယ်။

ဒီလိုနဲ့ တစ်ခါတလေ အင်တာနက်လိုင်း ပြတ်တောက်သွားရင်
အိန်ဂျယ်ကဖုန်းဆက်ပြီး ကောင်မလေးကို ဝမ်အမ်လို့ပြောတတ်တယ်။
ဖုန်းတစ်ဖက်ကနေ ကောင်မလေးနဖူးလေးကိုနမ်းပြီး အိပ်မက်လှလှမက်ပါစေလို့
ဆုတောင်းပေးတတ်တယ်။

ဒါပေမယ့် ဘယ်အချိန်ကစပြီး အိန်ဂျယ်အလုပ်စရှုပ်ခဲ့မှန်း မသိဘူး!
အလုပ်တွေများလွန်းလို့ ကောင်မလေးကို ဝမ်အမ်လို့ နှုတ်ဆက်ရမှာကို
အိန်ဂျယ်တဖြေးဖြေး မေ့သွားခဲ့တယ်။ ကောင်မလေးက ညတိုင်း
အိန်ဂျယ်ရဲ့"ဝမ်အမ်"ဆိုတဲ့ စကားတစ်ခွန်းကိုပဲ စောင့်မျှော်နေခဲ့တယ်။
စောင့်ခဲ့ပေမယ့် ညတိုင်းစိတ်ပျက်အားငယ်စွာနဲ့ အိပ်ရာဝင်ခဲ့ရတယ်။
အိန်ဂျယ်ရဲ့နှစ်သိမ့်သံတွေ မကြားရတော့ ကောင်မလေးလည်း အိပ်မက်တွေ
ကယောင်ချောက်ချားမက်လို့။ အိပ်မက်ထဲမှာ အဝေးတစ်နေရာကနေ အလုပ်များနေတဲ့
အိန်ဂျယ်ကိုပဲ သူငေးကြည့်နေခဲ့မိတယ်။ အလုပ်မများတော့တဲ့တစ်ရက်
ဝမ်အမ်ပြောဖို့ သူသတိရကောင်း ရလာလိမ့်မယ်လို့ ထင်ပြီး
ကောင်မလေးစောင့်နေခဲ့တယ်။ အိန်ဂျယ်အတိုးချပြီး ပြောလာမယ့် ဝမ်အမ်တွေကို
ကောင်မလေး မျှော်နေခဲ့မိတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ကောင်မလေးကိုပါ အိန်ဂျယ်မေ့သွားခဲ့တယ်။
လုံးဝမေ့သွားပြီး ဝမ်အမ်အကြွေးတသီကြီးနဲ့ အဝေးကိုပျံသန်းသွားခဲ့တယ်။

နှစ်အတန်ကြာတဲ့အခါ ကောင်းကင်ပိတ်ရက်ရတဲ့ အိန်ဂျယ်တချို့
လူ့ပြည်ကိုအလည်လာပြန်တယ်။ ကောင်မလေးကိုတွေ့တော့ သူ့ရဲ့လိုအင်ဆန္ဒတွေ
ဖြည့်ဆည်းပေးမယ်လို့ဆိုပြန်တယ်။ အာဏာ၊ အချစ်၊ ငွေကြေး... စတာတွေ
ဘာအလိုရှိသလဲလို့ မေးတော့ ကောင်မလေးက ဘာမှပြန်မဖြေခဲ့တော့ဘူး။
ရိုးရှင်းလွယ်ကူတဲ့သူ့ဆန္ဒကို တန်ခိုးကြီးတဲ့အိန်ဂျယ်လည်း
ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း သူသိနေခဲ့တယ်။

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်း WAN AN

"WAN AN" ဆိုတဲ့စကားလုံးကို ဖြန့်လိုက်ရင် ထိပ်စီးစာလုံးတွေက
စာလုံးတစ်လုံးစီကို ကိုယ်စားပြုနေတာတွေ့ရလိမ့်မယ်။

WAN AN = Wo Ai Ni, Ai Ni (ဝေါ်အိုက်နီ, အိုက်နီ) နင့်ကိုငါချစ်တယ်၊ချစ်တယ်တဲ့။

ဝမ်အမ်လျှို့ဝှက်ချက်ကိုသိသွားပြီးရင် ကိုယ်ချစ်တဲ့သူနဲ့

စကားပြောပြီးတိုင်း "ဝမ်အမ်" (ဂွတ်နိုက်)လို့ နှုတ်ဆက်ဖို့မေ့နဲ့နော်

Diskussion

Auf 01.01.0001 Sagt:
phyuthu7 Auf 08.08.2010 Sagt:
prettygloria:

 

0123456789:

လိုရင်သုံးလို့ ရအောင်  မှတ်ထားသင့်ပါတယ်....

ဟုတ်ကဲ့ပါရှင်

ဝမ်းသာပါတယ်   ..စေတနာ  ကို  တုန့် ပြန်မှုပေးတာ ကို.........Arrow

prettygloria Auf 08.08.2010 Sagt:

0123456789:

လိုရင်သုံးလို့ ရအောင်  မှတ်ထားသင့်ပါတယ်....

ဟုတ်ကဲ့ပါရှင်

prettygloria Auf 08.08.2010 Sagt:

0123456789:

လိုရင်သုံးလို့ ရအောင်  မှတ်ထားသင့်ပါတယ်....

ဟုတ်ကဲ့ပါရှင်

phyuthu7 Auf 05.08.2010 Sagt:

လိုရင်သုံးလို့ ရအောင်  မှတ်ထားသင့်ပါတယ်....

prettygloria Auf 09.03.2010 Sagt:

SALEISHA:
prettygloria:

 

heavensky1:

စောက်ရူးစကားလုံးတွေပါ ။

 

မနာလိုတာလားပြော...ဟွန့် သူများဘာသာ သူများပေါပေါ ရူးရူးပေါ့.......ရူးတယ်ထင်ရင် မဖတ်နဲ့ပေါ့

ကြည့်ဦးမယ်ဟွန့် ..... ခင်ဗျားကောင်မလေး ကို အဲ လို့ ယောင်ပီ ပြောကြည့်...ချက်ချင်းပါးစပ်တွေ

ဖွင့်မရအောင်ပိတ် သွားပါစေတော်.......Wink

ဖွင့်မရအောင်ပိတ် သွားပါစေတော်.......

ဟင်း.....ဟင်း.....ဟင်း

ကောင်းလိုက်တဲ့ ကျိန်စာ နော်။

ဟုတ်တယ်လေ...မပြောလိုက်ချင်ဘူး..သူကောင်မလေးဆို ရင် လား...ဂလိုပြောမှ မဟုတ်ဘူး

vzoက သူငယ် ချင်းဆိုတော့ အပြစ်ပြောချင်နေတာကြီးကို

thidange Auf 08.03.2010 Sagt:
prettygloria:

 

heavensky1:

စောက်ရူးစကားလုံးတွေပါ ။

 

မနာလိုတာလားပြော...ဟွန့် သူများဘာသာ သူများပေါပေါ ရူးရူးပေါ့.......ရူးတယ်ထင်ရင် မဖတ်နဲ့ပေါ့

ကြည့်ဦးမယ်ဟွန့် ..... ခင်ဗျားကောင်မလေး ကို အဲ လို့ ယောင်ပီ ပြောကြည့်...ချက်ချင်းပါးစပ်တွေ

ဖွင့်မရအောင်ပိတ် သွားပါစေတော်.......Wink

ဖွင့်မရအောင်ပိတ် သွားပါစေတော်.......

ဟင်း.....ဟင်း.....ဟင်း

ကောင်းလိုက်တဲ့ ကျိန်စာ နော်။

prettygloria Auf 03.03.2010 Sagt:

heavensky1:

စောက်ရူးစကားလုံးတွေပါ ။

မနာလိုတာလားပြော...ဟွန့် သူများဘာသာ သူများပေါပေါ ရူးရူးပေါ့.......ရူးတယ်ထင်ရင် မဖတ်နဲ့ပေါ့

ကြည့်ဦးမယ်ဟွန့် ..... ခင်ဗျားကောင်မလေး ကို အဲ လို့ ယောင်ပီ ပြောကြည့်...ချက်ချင်းပါးစပ်တွေ

ဖွင့်မရအောင်ပိတ် သွားပါစေတော်.......Wink

prettygloria Auf 03.03.2010 Sagt:

phyothiha123:

တရုတ်တွေတော်တော် ခေတ်စားတာဘဲ ချစ်တယ်ဆိုတာကိုတောင် ဗမာလို့ပြောလိုမပြောရတော့ဘူး.....

ဒါပေါ့..ဒါပေမယ့်သင်တော် သလို့ပေါ့...ကုလားမလေး ကို ကြိုက် ရင် ကုလားလိုသင်ပေါ့..

စသဖြင့်ပေါ့

heavensky1 Auf 01.03.2010 Sagt:

စောက်ရူးစကားလုံးတွေပါ ။

phyothiha123 Auf 27.02.2010 Sagt:

တရုတ်တွေတော်တော် ခေတ်စားတာဘဲ ချစ်တယ်ဆိုတာကိုတောင် ဗမာလို့ပြောလိုမပြောရတော့ဘူး.....

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ♥...အရေးပါတဲ့တွေ့ရှိချက်နဲ့ ဖန…   Zurück zu Blog   အဖျားရှူးဇာတ်သိမ်း →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.