ထိုင်းရေဘေး အရေးပေါ် အထူးသတိပေးပြီ

Geschrieben am 07.11.2011 von pothi

ကြုံခဲလှသော ရေဘေး ထိုင်းနိုင်ငံတွင်ယခုအခါ အလွန်ဆိုးဝါးစွာ ကြုံတွေ့ ခံစားနေကြရသည့်ဘန်ကောက်ရှိလူထုကိုယခင်က အရေးပေါ်ကြေငြာထားခြင်းရှိသော်လည်း ယခုအခါ ခန့်မှန်းတိုင်းတာတာထက် ဆိုးဝါးလာသည်ထက်ဆိုးဝါးလာပြီး အရေးပေါ် အထူးကြေငြာချက်ကို မနေ့က ထိုင်းအစိုးရမှ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ပါသည်၊၊

ဘန်ကောက် ၊ မဟာချိုင်ဒေသတဝိုက်တွင်ထိုင်း၏အဓိကကျသောစက်မှု့ဇုန်တည်ရှိပြီး ၄င်း မဟာချိုင်ဒေသကို အတတ်နိုင်ဆုံးရေဘေးရှောင်ကွင်းနိုင်အောင်အစိုးရမှကြိုးပမ်းခဲ့သော်လည်းမအောင်မြင်ဖြစ်ပြီးနောက် ၄င်းဒေသတွင်နေထိုင်ကြသောလူထုကို ချက်ချင်း ပြောင်းရွှေ့ထားဖို့ကို အစိုးရမှ သတိပေး ကြေငြာထားပြီးဖြစ်ပါတယ်၊ ၄င်း မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား များ ၄ သိန်းကျော်အလုပ် လုပ်ကိုင်လျက်ရှိပြီး သူတို့ကိုလည်း သက်ဆိုင်ရာ မြန်မာ သံရုံးက အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်၊၊

မြန်မာအလုပ်သမားများ အဓိက ဂရုစိုက်ပြင်ဆင်ထားသင့်တာတွေက

၁ ၊၊ မိမိ၏ သက်ဆိုင်ရာ စာရွက်စာတန်း အထောက်အထားများ ၊ ဆေးရုံကာဒ် နှင့် ပစ်ပို့စာအုပ်များကို အသေအချာ ပလပ်စ်တိတ် အိပ်အလုံပိတ်ထားရန်၊၊

၂ ၊၊ အရေးပေါ် ငွေသုံးသေးရန် အသင့်အတင့် ဆောင်ထား ပြင်ဆင်ထားကြရန် ၊၊

၃ ၊၊ အရေးပေါ် အကူညီတောင်းဆိုရန်အတွက် သက်ဆိုင်ရာ လိပ်စာများ ၊ ဖုန်းနံပါတ်များ ကယ်ဆေးရေး အဖွဲ့ ဖုန်းနံပါတ်များနှုတ်တွင်ဆောင်ထား၊ကျက်မှတ်ထားကြရန် နှင့်

၎ ၊၊ ရေနစ်ရာ သွားလာနေကြစဉ် လက်ရှိအစိုးရမှ ကြေငြာထားသော မီးကျောင်း နှင့် အဆိပ်အပြင်းဆုံးမြွေ ၁၅ ကောင်လွတ်မြောက်နေသောကြောင့် ၄င်းတို့ အန္တရာယ်ကို အထူး ဂရုစိုက်ရှောင်ရှားကြရန်တို့ဖြစ်ကြပါသည်၊၊

အရေးပေါ် ဆက်သွယ်နိုင် ဖုန်းနံပါတ်များ

၁ ၊၊ ဦးမြင့်အောင် ၆၆ ၈ ၆၈၂၀၉၂၉၄
International Care

၂ ၊၊ နိုင်ကောင်းမွန်--- ၀၈၉ ၀၅၉၄၈၆၉

၃ ၊၊ မြန်မာသံရုံးမှ သံအဖွဲ့ ဝင် ဗိုလ်မှူး နိုင်ထွန်း ---- ၀၈၂၇၇၉၀ ၇၇၂

အားလုံးကို မေတ္တာထားလျက်

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ဂျပန်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ အြ…   Zurück zu Blog   သူငယ်ချင်းဆိုတာ........(သူငယ်ခ… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.