ဧရာဝတီ တော်လှန်ရေး စပါပြီ...

Geschrieben am 19.09.2011 von pothi

To:

အားလုံးပဲ အချိန်လေးခဏပေးပြီး ဖတ်ပေးကြပါဦး။
အောင်ဒင်ဆိုတာ ဆရာတာရာမင်းဝေရဲ့ အစ်ကိုအရင်းပါ
ဒါ သူ့ရဲ့ ဧရာဝတီနဲ့ပတ်သတ်တဲ့ ဒုတိယမြောက် စာတမ်းပါ





   Monday, 12 September 2011
ဧရာဝတီ တော်လှန်ရေး

အောင်ဒင်

စက်တင်ဘာ ၁၃၊ ၂၀၁၁

<http://1.bp.blogspot.com/-sGUrREBGH5E/Tm6r_ShTO0I/AAAAAAAABmM/bLyRqRbZGG8/s1600/Irrawaddy%2BRiver%2BTour%2BBurma.jpg>

(၁) ဧရာဝတီကို သတ်နေသူများ၏ စိန်ခေါ်သံ

သမ္မတဦးသိန်းစိန်အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို


တချို့ကမျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည် တော်ပြန်ဖို့
တိတ်တိတ်ကလေးကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက
မြန်မာပြည်သူများရဲ့ဆန္ဒကို လုံးဝ ဂရုမစိုက် ကြောင်း အတိအလင်းထုတ်ဖော်ပြော
ကြားလိုက် ပါတယ်။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပြီး မြန်မာပြည်သူများ
မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို
စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများက တည်ဆောက်နေတဲ့
မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ပဲ ရပ်တန့်ဖို့တောင်းဆိုနေကြတဲ့
မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဝန်ကြီးဦးဇော်မင်းက “ဧရာဝတီရောဂါသည်များ”, “ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများ”
လို့ လှောင်ပြောင် သရော်လိုက်ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူက ပဲကန့်ကွက်ကန့်ကွက်
ဆက်ဆောက်သွားမှာဖြစ်တယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က
နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာပြုလုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆို လိုက်တာပါ။


ဒီလိုပြောဆိုရင်းနဲ့ပဲ ဦးဇော်မင်းက မြန်မာ့အလင်းသတင်းစာမှာ
လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နာမည်ဝှက်တွေနဲ့ မြစ်ဆုံ
ဆည်တည်ဆောက်ေ ရးကောင်းတဲ့အကြောင်းတွေ ဆောင်းပါးရေး တာ သူကိုယ်တိုင်ပါပဲလို့
ဝန်ခံသွားပါတယ်။ သူကပြောပါသေးတယ်။ “မြစ်ကြီးကို ဘယ်သူမှမထိန်းသိမ်း ခဲ့လို့
မြစ်ကြီးကပျက်စီးတာ။ ရေက စီးချင်တဲ့နေရာလျှောက်စီးနေတာ” လို့
ဧရာဝတီမြစ်ကြီးကိုတောင် အပြစ်တင်သွား ပါသေးတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကြီးကို
ထိန်းသိမ်းေ စာင့်ရှောက်ဖို့ သူအပါအဝင်ဖြစ်တဲ့ နအဖစစ်အုပ်စုက နိုင်ငံကို နှစ်
၂၀ ကျော်အုပ်ချုပ်မှုအတွင်း တာဝန်မဲ့ခဲ့တာကိုတော့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။
ဦးဇော်မင်း ဟာ ဗိုလ်မှူးကြီးဟောင်းတယောက်ဖြစ် ပြီး နအဖအစိုးရသက်တမ်းအတွင်းမှာလဲ
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။


သူဒေါသတကြီးနဲ့ပြောမှပဲ အရင်က သေသေချာချာမသိခဲ့ရတဲ့
အကျိုးစီးပွားအပေးအယူကိစ္စတွေကိုပါ သိကြရပါတယ်။ မြစ်ဆုံဆည် အပါ အဝင် ဧရာဝတီ၊
မေခနဲ့ မလိခမြစ်များမှာတည်ဆောက်နေတဲ့ ဆည်ကြီး ၇ ခု ပြီးစီးသွားရင်
ထွက်လာမည့်ရေအားလျှပ်စစ်ပမာဏရဲ့ ၉၀% ကို တရုတ်အစိုးရကရပြီး မြန်မာနိုင်ငံက ၁၀%
ပဲ ရမယ်။ တရုတ်အစိုးရက ရာနှုန်းပြည့်ရင်းနှီးမြှုတ်နှံတာဖြစ်ပေမယ့်
မြန်မာအစိုးရအတွက် ဒီလုပ်ငန်းကြီးများ အတွက် ၁၅% ပိုင်ဆိုင်ခွင့်ပေးတယ်။
ဆိုတော့ ဒီဆည်တည်ဆောက်ရေးမှာ တရုတ်အစိုးရက ၈၅% ပိုင်ပြီး မြန်မာအစိုးရက ၁၅%
ပဲပိုင်တယ်ပေါ့။ လျှပ်စစ်ဓာတ်အားရောင်းလို့ရမည့်အမြတ်ငွေရဲ့ ၇၀% ကို
တရုတ်အစိုးရ ကရမှာဖြစ်ပြီး ၃၀% ကိုသာ မြန်မာအစိုးရက ရမှာပါ။ သူအဆိုအရပဲ
ထင်ထင်ရှားရှားတွေ့လိုက်ရတာက ကချင်တိုင်ရင်းသားများ အမွန်အမြတ်ထားရာမြစ်ဆုံကို
ဖျက်ဆီးပစ်လို့၊ မြန်မာ ပြည်သူများအမှီပြုအားထားရာ ဧရာဝတီမြစ်ကြီးကို
တရုတ်အစိုးရကို ဖျက်ဆီးခွင့်ပြုလိုက်လို့ ဦးသိန်းစိန်အစိုးရပြန်ရမှာက
ပိုင်ဆိုင်မှုရဲ့ ၁၅%၊ လျှပ်စစ်ဓာတ်အားရဲ့ ၁၀%၊ နဲ့အမြတ်အစွန်းရဲ့ ၃၀% ပါ။
ပျက်စီးပျောက်ဆုံးသွားရမည့် ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးလို့ ကျနော်တို့
မြန်မာနိုင်ငံသားများအားလုံး၊ အခုလက်ရှိမျိုးဆက်တွေသာမက နောင်လာမည့်
မျိုးဆက်များ ခံစားရမည့် ဆုံးရှုံးမှုပမာဏက ဦးသိန်းစိန်အစိုးရ
ခံစားရမည့်အကျိုးအမြတ်ထက် အဆပေါင်းထောင်နဲ့ချီပြီး ကြီးမားလှတယ်ဆိုတာကိုတော့
ဦးဇော်မင်းထည့်တွက်ပုံမရပါဘူး။


<http://2.bp.blogspot.com/-qlZ5gpZEnNQ/Tm6ro1vqllI/AAAAAAAABmE/eqJabUS7Tz0/s1600/save%2Birr.jpg>ဧရာဝတီကို
ကယ်တင်ကြ

(၂) တရုတ်ပြည်ရဲ့ မဟာတံတိုင်းအသစ်

တရုတ်ပြည်က ထင်ရှားကျော်ကြားလှတဲ့ မဟာတံတိုင်း (The Great Wall) ကြီးကို
အားလုံးကြားဖူးကြမှာပါ။ ဘီစီ ၅ ရာစုလောက်ကစပြီး မင်မင်းဆက် (Ming Dynasty)
(၁၃၆၈-၁၆၄၄) အထိကာလအတွင်း တရုတ်နိုင်ငံရဲ့
မြောက်ပိုင်းကကျူးကျော်ဝင်ရောက်မှုတွေကို ကာ ကွယ်ဖို့
လူသန်းပေါင်းများစွာကိုအဓမ္မစေ ခိုင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့
ခံတပ်တံတိုင်းကြီးတွေပါ။ နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိပြီး မိုင်ပေါင်း
၅၀၀၀ ကျော်ရှည်လျားလို့ ၁၉၈၇ ခုနှစ်မှာ ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ်တပါးအဖြစ်
အသိအမှတ်ပြုထားတာပါ။ ဒီဘက်ခေတ်မှာတော့ လက်ရှိတရုတ်အစိုးရက
မဟာတံတိုင်းအသစ်ကြီးတခု ကို ဆောက်လုပ်နေပါတယ်။ ဒီတခါဆောက်တဲ့ မဟာတံ တိုင်းအသစ်က
တရုတ်နိုင်ငံအတွင်းမှာမဟုတ်ပါ။ တရုတ်နိုင်ငံအပြင်ဘက် ကမ္ဘာတဝှမ်းမှာ
တရုတ်အစိုးရပိုင်ကုမ္ပဏီ များ ဆောက်လုပ်နေ တဲ့ ရေကာတာကြီးများ ဖြစ်ကြပါတယ်။
အာဖရိကမှာဆိုရင် အဲဒီနိုင်ငံများကထွက်တဲ့ ရေနံကို ပြိုင်ဘက်မရှိ ဝယ်ယူနိုင်ဖို့
သက်ဆိုင်ရာအစိုးရများကို လာဘ်ထိုးတဲ့ အနေ နဲ့ တရုတ်အစိုးရက ဆည်ကြီးတွေ
ဆောက်လုပ်ပေးပါတယ်။ ခြံစည်းရိုးခြင်းကပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ထွက်လာမည့်
လျှပ်စစ်ဓာတ်အားကို ဝါးမျိုစားသောက်ဖို့ ဆည်တွေဆောက်ပေးတာပါ။ သမိုင်းဟောင်းမှာ
မဟာတံတိုင်းကြီးဆောက်တော့ အပြစ်မဲ့ တရုတ်ပြည်သူတွေ
အဓမ္မလုပ်အားပေးခိုင်းစေခံကြရ၊ နေရာရွှေ့ပြောင်းကြရ၊ ဘဝတွေပျက်စီးကြရ၊ အသက်တွေ
သေဆုံးကြရသလိုပဲ ဒီကနေ့ခေတ်၊ တရုတ်အစိုးရရဲ့ မဟာတံတိုင်းသစ် ဆောက်လုပ်ရာမှာ
ကမ္ဘာတဝှမ်းက အပြစ်မဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတာပါ။

သမိုင်းဟောင်းမှာတုံးက မဟာတံတိုင်းဆောက်လုပ်ရာမှာ ဒေသခံစစ်ဘုရင်တွေ
အကျိုးစီးပွားဖြစ်ထွန်းခဲ့သလို ဒီကနေ့ တရုတ်အစိုးရက ကမ္ဘာကိုပတ်ပြီး ဆည်တွေ
တည်ဆောက်ရာမှာလဲ တရုတ်အစိုးရနဲ့ အပေါင်းအပါ အာရှနဲ့အာဖရိက က
အာဏာရှင်အစိုးရတွေပဲ အကျိုးစီး ပွားဖြစ်ထွန်းကြတာပါ။ ဆည်တွေဆောက် လို့
ပျောက်ဆုံးသွား တဲ့မြစ်ကြီးတွေ၊ ရွှေ့ပြောင်းရတဲ့ မြို့ရွာတွေ၊
အဓမ္မလုပ်အားပေးရတဲ့ ပြည်သူ တွေ၊ ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင် နဲ့
ပြောင်းလဲသွားတဲ့ရာသီဥ တု၊ ရေလွှမ်းခံရတဲ့လယ်မြေတွေ၊ ကန္တာရဖြစ်သွားတဲ့
စိုက်ပျိုးခင်းတွေ၊ အသတ်ခံလိုက်ရတဲ့ သစ်တောကြီးတွေ၊ ဖြိုချခံလိုက်ရတဲ့ တောင်
တန်းကြီးတွေကို တရုတ်အာဏာ ရှင်တွေနဲ့ သူတို့ရဲ့အပေါင်းအပါ အာဏာ ရှင်များက
အလွယ်တကူမေ့လျော့လိုက်ကြပြီး တရုတ်ရှေးဘုရင်များက မဟာတံတိုင်းကြီးအတွက်
ဂုဏ်ယူဝင့်ကြွားကြသလို တရုတ် အာဏာရှင်များနဲ့ အပေါင်းအပါများကလဲ မဟာတံတိုင်းသစ်
ဆည်ကြီးများအတွက် ဂုဏ်ယူဝင့်ကြွားနေကြတာပါ၊ ဒါကြောင့်မို့ တရုတ်အစိုးရ ရဲ့
ဩဇာခံ စစ်ဘုရင်တပါးဖြစ်တဲ့ ဦးသိန်းစိန်အစိုးရက သဘောထားပျော့ပြောင်းပြီး
မြစ်ဆုံဆည်တည်ဆောက်ရေးကို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ရပ်တန့်လိမ့်မယ်လို့ ကျနော်
ဘယ်တုံးကမှမမျှော်လင့်ခဲ့ပါ။ အခု ဦးဇော်မင်းရဲ့စိန်ခေါ်ချက်က ကျနော့်သံသယကို
အတည်ပြု ပေးလိုက်ပါပြီ။

(၃) ဆည်တွေမှာ သက်တမ်းရှိ၍ ထိုသက်တမ်းမှာတိုတောင်း၏

ဦးဇော်မင်းက ပြောသွားပါသေးတယ်။ “မြန်မာနိုင်ငံမှာတော့
ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့
အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး” တဲ့။ အဲဒီစကားအတွက် အတော်အံ့ဩမိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူကပဲ ဒီဆည်ကြီးကို တရုတ်အစိုးရကို ကာလအကန့်အသတ်တခုနဲ့
လုပ်ခိုင်းပြီး အဲဒီကာလပြီးဆုံးတဲ့ အချိန်မှာ “ပြီးပါပြီ၊ ကုန်ပြီ၊
မင်းပြန်တော့၊ ဒါကြီးထားခဲ့တော့။ ကိုယ့်အနိုင်ငံအပိုင်ဖြစ်တယ်။
ဒီထက်အကျိုးရှိတဲ့ဟာ ဘာရှိသေးလဲ” လို့ အားရပါးရပြောသွားလို့ပါ။ ဆည်ကြီးတွေမှာ
သက်တမ်းရှိတယ် ဆိုတာ သူသိပုံမရပါ။

မြစ်ကိုပိတ်ဆို့ပြီး ဆည်တွေ၊ ရေလှောင်ကန်တွေ တည်ဆောက်ကြတဲ့အခါ
မြစ်ဖျားပိုင်းကစီးလာတဲ့ရေတွေဟာ ရေကာတာကြီးကြောင့် မြစ်အောက်ပိုင်းကို
ဆက်လက်မစီးဆင်းနိုင်ပဲ ရေလှောင်ကန်ကြီးထဲမှာပဲ ထိန်းသိမ်းခံကြရမှာပါ။ ပြီးတော့
ရေကာတာက ရေတံခါးကြီးများကို ဖွင့်ပေးမှသာ ရေတွေ မြစ်အောက်ပိုင်းကို ဆက်လက်စီး
ဆင်းနိုင်မှာပါ။ အဲဒီရေလှောင်ကန်ကြီးထဲကို ရေတွေတင်မကဘူး နုံးမြေတွေ (Sediment)
ပါ စီးဝင်ရောက်ရှိမှာပါ။ အဲဒီ နုန်းတွေက ရေလှောင် ကန်ကြီးရဲ့
အောက်ခြေမှာသွားပြီး စုပုံအနည်ထိုင်ကြမှာပါ။ ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်က
ရေတံခါးကြီးများရဲ့အောက်ဖက် အဝေးကြီးမှာမို့ ရေတံခါးကြီးများကို ဖွင့်လို့
ရေတွေ မြစ်အောက်ပိုင်းကို စီးဆင်းခွင့်ရရင်တောင်မှ နုံးတွေအတွက်ကတော့
ထွက်ပေါက်မရှိပါ။ အဲဒီလိုနဲ့ ရေလှောင်ကန်ကြမ်းပြင်မှာ
တဖြေးဖြေးစုပုံအနယ်ထိုင်လာတဲ့ နုံးမြေတွေဟာ နှစ်တွေ ကြာတာနဲ့အမျှ
မြင့်တက်ခိုင်မာလာပြီး ရေလှောင်ကန်ရဲ့ကြမ်းပြင်ဟာ တစတစ မြင့်တက်လာပြီး
ကန်ထဲမှာလှောင်နိုင်တဲ့ ရေပမာဏဟာလဲ နည်းသထက် နည်းလာပါတယ်။ ဒါကြောင့်မို့လို့
ရေလှောင်ကန်ထဲမှာ နုံးတွေများလာ တာနဲ့အမျှ၊ အောက်ကြမ်းပြင်မြင့်တက်လာတာနဲ့
အမျှ၊ လှောင်နိုင်တဲ့ရေပမာဏနည်းလာ တာနဲ့အမျှ၊ လျှပ်စစ်စွမ်း
အားထုတ်နိုင်စွမ်းဟာလဲ လျော့နည်းလာပါလိမ့်မယ်။ ဒါကြောင့်မို့ ရေ လှောင်ကန်တခု၊
ရေကာတာတခုရဲ့ လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်းဟာ အများဆုံး နှစ် ၂၀ နဲ့ ၃၀
ကြားမှာ ပဲ ရှိတတ်ပါတယ်။ နှစ် ၂၀ ကျော်သွားပြီးရင်ဖြင့် အဲဒီ ရေလှောင်ကန်ကြီးဟာ
နုံးမြေတွေ ပြည့်နှက်နေတဲ့ ကန်ကြီးတခုပဲ ဖြစ်နေပါလိမ့်မယ်။ လျှပ်စစ်ဓာတ်အား
ထုတ်ဖို့ အသုံးမဝင်တော့သလို ခရီးသွားလာရေးနဲ့ အခြားကိစ္စများအတွက်လဲ
အသုံးဝင်မှာမဟုတ်တော့ပါ။


မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက
နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer)
လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို
ဒီဆည်ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ရမှာက
နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ။ ဦးဇော်မင်းပြောသလို
အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။


(၄) အင်္ဂုလိမာလ ဇာတ်သိမ်းခန်း

ကျနော်တို့မြန်မာနိုင်ငံသားအားလုံးနီးပါး မြတ်ဗုဒ္ဓရဲ့ အောင်ခြင်း ၈ ပါးထဲက
အင်္ဂုလိမာလချွတ်ခန်းကို ကြားဘူးကြ မှာပါ။ ဘုရားလက်ထက်က အင်္ဂုလိမာလ သတို့သားဆိုတာ
ရှိခဲ့တယ်။ တက္ကသိုလ်မှာ ဒိသာပါမောက္ခဆရာကြီး ထံချဉ်းကပ်ပြီး
ပညာသင်နေတဲ့အချိန်မှာ ဆရာကြီးက သူ့တပြည့်ကို သူ့ဇနီးနဲ့မသင်္ကာဖြစ်ပါတော့တယ်။
ဒါနဲ့ ဆရာကြီးက အင်္ဂုလိမာလကိုချောက်တွန်းတဲ့အနေနဲ့ သူ့ဆီမှာ ပညာတွေ သင်ယူ
ဖို့ဆိုရင် သူက ငွေကြေးလက်မ ခံပဲ လူ့လက်ညှိုးအချောင်း ၁၀၀၀ ကိုသာ ပညာသင်ခအဖြစ်
လက်ခံမှာ ဖြစ်ကြောင်းပြောပြီး အင်္ဂုလိမာလကို လူ့လက်ညှိုး အချောင်း ၁၀၀၀ နဲ့
သူ့ကိုပူဇော်နိုင်မှ ပြန်လာခဲ့ဆိုပြီး ကျောင်းတော်က မောင်းထုတ်ပါတယ်။ ဆရာ့စကား
နားထောင်တဲ့ အင်္ဂုလိမာလကလဲ ကျောင်းကထွက်ခွာလာပြီး လူတွေကို လိုက်သတ်၊
လက်ညှိုးတွေကိုဖြတ်၊ အဲဒီလက်ညှိုးတွေကို ပျောက်သွားမှာစိုးလို့ ကြိုးနဲ့သီပြီး
လည်ပင်းမှာချိတ်ဆွဲပြီး အင်မတန်ကြောက်စရာကောင်းတဲ့ လူဆိုးကြီး ဖြစ်လာပါတယ်။


အဲဒီလိုနဲ့ မြို့ပြင်က တောအုပ်ကြီးတခုမှာခိုလှုံပြီး တောအုပ်ကို
ဖြတ်သန်းသွားသမျှ လူတွေကို သတ်ဖြတ်ပြီး လက်ညှိုးတွေ စုဆောင်းလာတာ
တထောင်ပြည့်ဖို့ တချောင်းပဲလိုပါတော့တယ်။ အဲဒီအချိန်မှာ သားကို
စိတ်ပူလွန်းလို့လိုက်ရှာတဲ့ အင်္ဂုလိမာလရဲ့ မိခင်ကြီးက အင်္ဂုလိမာလရှိ တဲ့
တောအုပ်ကို ရောက်လာပါတယ်။ အင်္ဂုလိမာလကလဲ သူ့အမေကို အမေမှန်းမှတ်မိပေမည့်
နောက်ဆုံးလိုတဲ့ လက်ညှိုးတချောင်းကိုရဖို့ သတ်မယ်ဆိုပြီး အမေ့နောက်ကို
ဓားဝင့်ပြီးလိုက်ပါသတဲ့။ ဒီလိုနဲ့ မိခင်ကြီးက ကြောက်လန့်တကြား ရှေ့ကပြေး၊
သွေးဆာနေတဲ့ လူသတ် သမား အင်္ဂုလိမာလက နောက်ကလိုက်နေချိန်မှာ မြတ်စွာဘုရားက
ကိုယ်ထင်ပြပါသတဲ့။ အဲဒီတော့မှ အင်္ဂုလိမာလက အမေ့နောက် လိုက်တာကိုရပ်ပြီး
ဘုရားကိုသတ်ဖို့လိုက်တော့ ဘုရားက ရှေ့ကနေ ဖြေးဖြေးလေးကြွနေပေမည့် သူဘယ်လိုမှ
လိုက်လို့မမီနိုင်ပါတဲ့။ အင်္ဂုလိမာလ က “ဟေ့ ... ရဟန်းကြီး၊ မပြေးနဲ့ ရပ်”
လို့ပြောတော့ ဘုရားက “ချစ်သား အင်္ဂုလိမာလ၊ ငါကား မပြေး၊သင်သာ ပြေးသူဖြစ်သည်”
လို့ အစချီပြီး တရားဟောပြတော့မှ အင်္ဂုလိမာလ အကျွတ်တရားရ၊ အမှားတွေမြင်ပြီး
နောင်တရပါသတဲ့။

အခုလဲ ဦးသိန်းစိန်နဲ့ စစ်အုပ်စုဟာ ကျနော်တို့ခေတ်ရဲ့ အင်္ဂုလိမာလတွေ ဖြစ်နေပါပြီ။
သူတို့ရဲ့ဆရာကြီး တရုတ်အစိုးရ ကျေနပ်စေဖို့အတွက် တိုင်းပြည်မှာ ရှိသမျှ
သစ်တောတွေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ အဖိုးတန်ရတနာတွေ၊
အားလုံးကို ပေးအပ်ပြီး တဲ့နောက် အခု တရုတ်အစိုးရအလိုကျ မိခင်ဧရာဝတီကို
သတ်ဖို့ကြိုးစားနေပါပြီ၊ ဒီခေတ်မှာတော့ အမိဧရာဝတီ အသတ်မခံရအောင် ဘုရား
ကြွပြီးတရားပြဖို့ကတော့ မဖြစ်နိုင်ပါ။ ကျနော်တို့မြန်မာပြည်သူများကပဲ
စည်းလုံးညီညွတ်တဲ့လှုပ်ရှားမှုနဲ့အင် အားပြပြီး အင်္ဂုလိမာလ ဦးသိန်း စိန်အစိုးရက
အမိဧရာဝတီကိုမသတ်နိုင်အောင် တားဆီးကြရမှာပါ။


ဧရာဝတီတော်လှန်ရေး စပါပြီ။


--
 *The only person who is educated is the one who has learned how to learn
.... and change** (Carl R. Rogers)<http://en.wikipedia.org/wiki/Carl_Rogers>
*
* <http://en.wikipedia.org/wiki/Carl_Rogers>*




--

ဝေနေယျ သတ္တ၀ါ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← Reject ဖုန်းတွေ ၀င်လာ မှု ကျယ်ြ…   Zurück zu Blog   လိင်ဈေးတန်းမှာ နင်းခြေခံလိုက်… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.