မြှားသုံးချောင်းပုံပြင်ထဲကလိုပဲ/
Geschrieben am 11.08.2009 von
phoaung008
တစ်ခါတုန်းက အရမ်းဆင်းရဲတဲ့ သနားစရာလူလေးတစ်ယောက် ရှိတယ်တဲ့။ ကျွန်တော်လိုပဲပေါ့။ တစ်နေ့မှာတစ်ခိုးရှိတဲ့နတ်တစ်ပါးက သူကိုသနားလို့ လိုတရမြှားသုံးချောင်းကို ပေးလိုက်တယ် ဆိုပဲ။
ဒါနဲ့ အဲဒီဆင်းရဲးသားလေးလဲ မြှားတစ်ချောင်းကို အရင် ဘယ်လိုအသုံးဝင်တယ်ဆိုတာကိုသိဘို့ အတွက်မြှားကိုလေးပေါ်တင်ရင်း ပြစ်မယ်လို့ကြံရင်း ဘာဆုတောင်းရမယ်ဆိုတာကိုစဉ်းစားနေသတဲ့။ ပါစပ်ကလဲ လာလေရော့လို အော်ပြီးချိန်မှာပဲ ခြင်တစ်ကောင်က သူကိုလာပြီးကိုက်ရော။ လာလေရော့လိုအော်ပြီးမှာ ခြင်ကိုက်လို့ သူဆဲလိုက်တာကတော့ အားလုံကြားဖူးထားတဲ့အတိုင်း ["ီ.း]ဆိုတာပါပ။ဲ အဲဒါနဲ့သူဆီကို......တွေအများကြးရောက်လာရော။ သူတော်တော် အခက်ဖြစ်သွားမှာပဲနော်။ သူကအခက်ဖြစ်ပြီဆိုတော့ အဲဒါကနေလွတ်အောင် သွာလေရော့ .... လို့ အော်ရပြန်ရော။အခုမှပိုပြီး ခက်တယ် ဒါမှ တစ်ကယ် လုံးလုံး ပြသနာပဲ။ ဒီတော့ ဆင်းရဲသားလေးဟာ သူ့ဟာကိဲုမြှားတစ်ချောင်း အကုန်ခံပြီး ငါဟာပြန်လာလို့ ခ်ါပြန်ရော။ ခေါ်ပြီးတဲ့ချိန်မှာတော့ ဆင်းရဲသားလေးဆီမှာ မြှားတစ်ချောင်းမှ မကျန်တော့ပါဘူး။ မသုံးတက်တော့ ဒုံရင်းဒုံးရင်းပါပဲ။
ကျွန်တော်လဲ ဒီလိုပါပဲ chattingမှာ စာတစ်ပုဒ်လဲရေးပြီးရော ည၁၁နာရီထိုးလို့ chattingဘိုးကိုရှင်းပြီး သုံးစရာပိုက်ဆံလဲကုန် ဘာမှလဲမထူး အိမ်ရောက်ပြန်တော့ အဆူခံရသေးတယ်ဗျာ။