ချစ်သူ စံ

Geschrieben am 04.11.2009 von nyeinmahaw08

   မိမိ  ရဲ့  စံ  ကို  မိန်းကလေးတိုင်းအနေနဲ့  သတ်မှတ်ရှာ ဖွေသင့်ပါတယ်

စာရင်းကိုလဲ ဦးစွာ ပြုစုရေးချ သင့်ပါတယ်  ကျွန်မတို့ မိန်းမသားတွေ တွက်

ဘ၀လက်တွဲဖော်ကိုရှာဖွေ ရာ မှာ မိမိ သတ်မှတ်ထားတဲ့ စံနူန်း တခုတော့

လိုအပ်ပါတယ်။  ကျွန်မတို့ မိန်းကလေးတော်တော်များများ မှာ မိမိ ဘာလိုချင်

ချင်ကြောင်း ပြတ်ပြတ်သား သားမရှိ တတ်ပေ။  စာရင်းရေးချကြည့်မှတိတိကျကျ

ဖြစ်လာတတ်သည်။ စာရင်းသည်မိမိ အသည်းထဲမှ  တကယ်လိုချင်နေသော

စာရင်းအမှန်ဖြစ်ပါ က  မိမိနဲ့လိုက်ဖက်ညီသူကို အမှန်ပင်တွေ နိုင်ပါသည်။။ 

       စံပြသဘောနဲ့ ပြောပြရလျှင် မိမိ စာရင်းတွင် အစိတ်ပိုင်း သုံးရပ်  ပါ ရမည်။

၁။ မလွဲမသွေရှိကိုရှိရမည့်အချက်များ

၂။ ဖြစ်စေချင်သော အချက်များ

၃။ မလိုလားအပ်သော အချက် များ   သုံးပိုင်း  ရှိပါသည်။ 

 ကျွန်မ တို့ မြန်မာ မိန်းကလေးများအနေနဲ့ မိမိ ကို လာရောက် ချစ်ရေးဆို မှပဲပြန်လည်

ရွေးချယ် ခွင့်လက်ခံခွင့်ရှိ ကြပါတယ်.......  နောက်ပြီး ချစ်သူ ထားပြီး မှ ဟိုဟာ

ကိုမကြိုက်လို့ ဒီဟာ တော့ဘာဖြစ်လို့  ဆို ပြီး ငြင်း ဆန်ပြီး နောက်တစ်ယောက်ပြောင်း ထားတိုင်းလဲမကောင်း ပါ။ ရည်းစားတစ်ထောင် လင်

ကောင်းတစ်ယောက်ဆိုတဲ့ စကား ကို  ကျွန်မ အနေနဲ့ငြင်း ဆန်ချင်ပါတယ် အဲဒီ

နာမည်ဆိုး ဟာ အိမ်ထောင်ရေးမှာလာရောက်ထိခိုက်နိုင်သလို မိမိ မျိုးဆက်တွေ

တွက်လဲ အရိပ်မည်း တခု ဖြစ်သွားနိုင်ပါတယ်ရှင်။ ဒါကြောင့် ဘ၀ကြင်ဖော်နဲ့ 

ချစ်သူတစ်ထပ်တည်းကျပြီး သာယာပျော်ရွင်သောအိမ်ထောင်ရေးဘ၀ကိုရရှိရန်တွကိမိမိချမှတ်ထားတဲ့  စံနူန်းစာရင်း  အတိုင်း  ရွေးချယ် ရှာဖွေ သင့်တယ် လို့ ကျွန်မ ထင်ပါတယ်

ကျွန်မအနေ နဲ့ချစ်သူ နဲ့ ရင်ခုန်နူန်းကို ကန့် သတ် ရှာ ဖွေပါလို့ မဆို လိုပေမယ့်

ကိုယ့် အနေ့ နဲ့ ကိုယ် သတ်မှတ်ထားတဲ့ စံနူန်း မရှိ ပါက ငြင်းသင့်သူကို ပြတ်ပြတ်သားသား ငြင်း သင့်တယ်လို့ ထင်ပါတယ် ဘာလို့ လဲ ဆိုတော့ 

ကိုယ်မကြိုက်တဲ့ အပြုမူ နဲ့ စရိုက်ကို လက်ခံပြီး မှပြန်လည် ပြုပြင်လို့ မရတဲ့ 

အတွက်ကြောင့်ပါ ။ 

 ဒါကတော့ ကျွန်မ တချိန်က  ကျွန်မ ရှာဖွေမယ်လို ရည်ရွယ် ထား

တဲ့ ချစ်သူ စံနူန်း ပါ ..........  ဥပမာလေး အနေ နဲ့   ဖော်ပြထားပါတယ်

 ၁။ မလွဲမသွေ  ရှိကို ရှိ ရမည့်အချက်များ 

 (1)  လိမ်မာပါးနပ်ပြီး အသိပဥာဏ်ပညာ ပြည့်စုံရမည်။ ကျွန်မနဲ့ ဆွေးနွေး

တိုင်ပင်ဖက် ဖြစ်ရမည်။ 

(2) ကျွန်မ ဘ၀ ကို တိုးတက်မြင့် မားအောင် ပြုလုပ်ပေးနိုင်မည့်သူ ၊ ဘ၀တွက်

တိုးတက် စေ မယ့်   စိတ်ဓာတ်မြင့်တင်အားပေး ခြင်းကို စိတ်ဝင်စားသူ။

(3) ကြင်နာ တတ်ပြီး  ချစ်ခင် တတ်ရမည်။ 

(၃) ကျွန်မ  ရဲ့ အလုပ်နဲ့ ဝင်ငွေကို စီမံခန့် ခွဲ တတ်သူ။ 

(5) လူမူ့ ဆက်ဆံရေး ကျွမ်းကျင်လိမ်မာရမည်။ 

(6) ကျွန်မရဲ့ အိမ်မက်တွေ ကို အကောင်ထည်ဖော်ရာတွင်ကူ ညီအားပေးမည့်သူ၊

အပြန်အလှန်  အားပေးကူ.ညီမူ နဲ့  အခက်ခဲတွေ့ ရင် ခေါင်းမရှောင်တတ်သော

စိတ်ဓာတ်ရှိသူ ။

(7) ကျွန်မ ရဲ့ အားနည်းချက်ကို  လဲ လက်ခံ ပြီး မထိုးနှက်မယ့်သူ 

(8) ငါးပါးသီလ ကို ခါးဝတ်ပုဆိုးကဲ့ သို့ မြဲမြံမည့်သူ ။ သာသာတရားကိုင်းရိုင်းသူ။

(9) သစ္စာတရားကြီးမားသူ

(10) တစ်နေ့ နေ့ တွင် ဖခင်ဘ၀ကို လိုလားတောင့်တသူ ၊ကလေးချစ်တတ်သူ

၂။ ဖြစ်စေချင်သော အချက်များ 

 (1)ခရီးသွားလာမူကို ၀ါသနာပါသူ 

(2) စာပေ၀ါသနာပါသူ  

(3) ကျွန်မ ကို ရယ်မောအောင်ပြုလုပ်နိုင်သူ ၊ တခါတရံ ကျွန်မကို အံသြ၀မ်းသာမူ့ 

များကို ပေးတတ်သူ

(4) ကျွန်မ သူငယ်ချင်း များနဲ့  ရင်းနှီးစွာ ဆက်ဆံတတ်သူ ။ 

(5) ချစ်သူ ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားသူ.။

(6) အရပ်ရှည် ရမည်  ကျွန်မ က  5'  4 "  ဆို ကျွန်မ ထက် အရပ်နည်းနည်းပိုရှည်ရမည် ။ 

(7)အရမ်းမချောရ  ၊အသားအရမ်းမဖြူ ရ  ၊  မြန်မာ လူမျိုး စစ်စစ်ဖြစ်ရမည်

(8) အရာရာကို လဲတရားသဘောဖြင့် ဖြေတတ်ရမည် 

(9) အကောင်းမြင်တတ်ရမည်  

(10) ကျွန်မ အမေ  ကို  ချစ်တဲ့   ကျွန်မ ရဲ့ မေတ္တာတရားကိုနားလည်ပေးရမည်

၃။  မလို လားအပ်သောအချက်များ

(1) ပွင့် ပွင့်လင်းလင်း မရှိသူ  ၊ပြသာနာကိုခေါင်းရှောင်နေတတ်သူ

(2) အတိတ်က သစ္စာမဲ့ ဖူး သူ 

(3)ကျွန်မ အမေ က သဘောမတူသူ 

(4) သတ္တ၀ါ တွေ ကို ကြောက်တတ် သူ  ( တီကောင်၊ မြွေ၊ ကြွက်၊ ဖား၊ပိုးဟပ်)

စသည့်ဖြင့်....................

(5)  စိတ်ကောက်တတ်သူ၊ ငိုတတ်သူ

(6)  တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီး သူ

(၇) သံသယ ၀ါဒီ သမားမဖြစ်ရ 

(8) ရူးပေါက်ပြီး တိုင်း လက်မဆေးတတ်သူ (တစ်ကိုယ်ရေသန့် ရှင်းရေးကို စိတ်မ၀င်စားသူ)

(9) ကျန်းမာရေးလိုက်စားရမည်

(10) အလူုတန်း ကို ၀ါသနာမပါသူ မဖြစ်ရ ။ 

   ဒီစာရင်း လေး က ကျွန်မ  တချိန်က ချရေး ထား သောချစ်သူစံနူန်း လေး တခု

ပေါ့ ရှင်  (ဥပမာ) အနေ နဲ့ ရေးပြတာပါ  မိန်းကလေးတိုင်းမှ မဟုတ်ပါဘူး

ယောက်ကျားလေး တွေ  အနေ နဲ့ လဲ  ဒီလို စံနူန်းလေးတွေကို ကိုယ်ပိုင်စိတ်ကူး

လေးတွေ နဲ့ချ ရေးကြည့်ပြီး ချစ်သူ ကို ရှာဖွေ နိုင်ပါတယ် ...........မိမိ ဘာလိုချင်

တာလဲ တိတိကျကျ မသိပဲ ရှာဖွေတာ ထက် မိမိ လို ချင်တာကိုတိတိ ကျကျ သိပြီး

ရှာဖွေ ခြင်း က ပိုမို့ သင့်တယ်လိမ့် မယ် လို ကျွန်မ ယူဆ ပါတယ် ။ ကျွန်မ အယူဆသည်  အချစ်ကို ဦးစားပေး ပြီး အချစ်မှာ မျက်စိ မရှိ  ၊ ဦးနှောက်မရှိလို့ 

ယူ ဆနေ သူများတွက် မရည်ရွယ်ပါ ။ အချစ်သည် မျက်စိရှိ ဦးနှောက်ရှိသည်လို့ 

ယူဆသူများတွက်သာ ရည်ရွယ် ပါသည် ။ 

Diskussion

Auf 01.01.0001 Sagt:
kominaungmyintoo Auf 16.11.2009 Sagt:

အင်း မလွဲမသွေ ရှိကိုရှိရမည့်အချက်          ဖြစ်  စေချင်သောအချက်    မလိုလားအပ်သောအချက် 

(၁၀) ချက်စီမှာ  အားလုံးတော့ မရနိုင်လောက်ဘူး    အနီးစပ်ဆုံးတော့ ဖြစ်နိုင် လိမ့်မယ်         အဲဒါတွေကိုအကုန်လုံးပြည့်စုံအောင် စောင့်မယ်ဆိုယင်တော့    အင်းး..........................အပျိုကြီးလုပ်တာက  သေခြာမယ်ထင်တယ်      .......... 

ကျောင်းစာမေးပွဲဖြေသလို  အမှတ်ပြည့်မရပေမယ့်  ဂုဏ်ထူးမှတ်လောက် ၀င်ယင်တော့ ကျေနပ်လိုက်ပါကွယ်..............ဆားပုလင်းမင်းအောင်

 

nyeinmahaw08 Auf 15.11.2009 Sagt:

nainghtataung76:

မိန်းကလေးတိုင်းအတွက် ထားရှိသင့်တဲ့  စံနှုန်းတစ်ခုပါ- အ၇မ်းပဲကောင်းလွန်းပါတယ်-စာေ၇းသူလဲ စံပြည့်မှီသော ဖူးစာရှင်နဲ့တွေ.ပါစေ--

နိုင်ထက်အောင်Razz

 

ပေးတဲ့ ဆုလေးကိုတန်းဖိုး ထားပါတယ်ရှင်  ကျေးဇူးတင်ပါတယ် 

nainghtataung76 Auf 12.11.2009 Sagt:

မိန်းကလေးတိုင်းအတွက် ထားရှိသင့်တဲ့  စံနှုန်းတစ်ခုပါ- အ၇မ်းပဲကောင်းလွန်းပါတယ်-စာေ၇းသူလဲ စံပြည့်မှီသော ဖူးစာရှင်နဲ့တွေ.ပါစေ--

နိုင်ထက်အောင်Razz

 

phoaung008 Auf 06.11.2009 Sagt:

အောင်မလေး ကောင်းတာတွေကြည့်ပလား။ အဲဒီလိုယောက်ကျားဆိုရင် ဖိုးအောင်လဲ ခေါ်ထားရလို ဖြစ်နေပြီ

nyeinmahaw08 Auf 05.11.2009 Sagt:

caspar09:

ယောက်ျားလေးအတွက်ဆိုရင်အဲဒါတွေနဲ့ဆန့်ကျင်ဘက်တွေကိုရှာရမှာလားဟင် Biggrin

ယောက်က်ျားလေး တွေ လဲ   ကိုယ်ရင်ထဲ အသည်းထဲ က တကယ်လို ချင်တဲ့  ချစ်သူ စံ ကို

စိတ်ကူးပုံဖော်ပြီးတော့  စာရင်းချရေး  ပြီးရှာဖွေနိုင်ပါတယ်  ............  အပျော်သဘော နဲ့ 

တသက်တာ တွက်မဟုတ်ပဲ မိန်းကလေး ထည်လဲ တွဲ တတ်တဲ့  ယောက်က်ျားလေး များ တွက်ကို

မရည်ရွယ်ပါ  ................  တစ်သက်တာ ဘ၀လက်တွဲ ဖော်ရှာဖွေရန် အတွက်သာဖြစ်ပါတယ်ရှင်

nyeinmahaw08 Auf 05.11.2009 Sagt:

phyothiha123:

ပြိုင်ပွဲကနေ အပြီးအပိုင် နှုတ်ထွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာမစစ်လို့ပါ။

စစ် စစ်တွေကံကောင်းပါစေ။

ကုလား လဲလူပါပဲကွ.......ကုလားမှာလဲ အသည်းနဲ့ပါCrying 2

ဖြစ်စေချင်သောအချက်များ  နာပါတ် (၂) မှာ ဖြစ်လို့     မေးခွန်းကိုသေချာဖတ်စေချင်ပါတယ်

ကျွန်မ   မောင်လေး တစ်ယောက်လိုမလုပ်ပါနဲ့    စာမေးပွဲဖြေရင်ခေါင်းစဉ်ကိုသေချာပါ ဖတ်ပါ

လို့ မှာလိုက်တယ်  သူလဲ သေချာဖတ်ပါတယ်  မေးခွန်းက ခေါင်းစဉ်မှာ သင်နှစ်သက်ရာ  ငါး ခု ကို

ဖြေဆို ပါ လို့  ရေးထားပါသတဲ့ .......... အောက်မှာမေးထားတဲ့ မေးခွန်းငါးခု  ဖတ်ကြည့်ပြီး တခုမှ

မကြိုက်လို့   တခု မှ မဖြေခဲ့ ပါဘူး တဲ့  .............  သူ ကခေါင်းစဉ်ကိုသေချာဖတ် တာ ကို 

သင်နှစ်သက်ရာ လို့ ဆိုထားသောကြောင့် .......................................

မလွဲမသွေ ရှိကိုရှိရမည့်အချက် မှာမပါဝင်တဲ့ အတွက် ဆက်လက်ပြိုင်ပွဲကိုဝင်လို ပါ က ၀င်နိုင်ပါသည။်   ကျေးဇူးတင်ပါတယ် ရှင်  ...............

caspar09 Auf 05.11.2009 Sagt:

ယောက်ျားလေးအတွက်ဆိုရင်အဲဒါတွေနဲ့ဆန့်ကျင်ဘက်တွေကိုရှာရမှာလားဟင် Biggrin

phyothiha123 Auf 05.11.2009 Sagt:

ပြိုင်ပွဲကနေ အပြီးအပိုင် နှုတ်ထွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာမစစ်လို့ပါ။

စစ် စစ်တွေကံကောင်းပါစေ။

ကုလား လဲလူပါပဲကွ.......ကုလားမှာလဲ အသည်းနဲ့ပါCrying 2

seagull17 Auf 05.11.2009 Sagt:

right sister , I agree your post

shweyoat Auf 05.11.2009 Sagt:

ဟဟဟဟဟဟ မိုက်တယ်မမ အဟား ရှယ်ဘဲ ။။။ကြိုက်သွားပြီ။။

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← မမြင် ရပေမယ့် ယုံကြည်ပါတယ်    Zurück zu Blog   ပြုံးလျှက်ပါ →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.