အိမ်
Geschrieben am 17.09.2009 von
nyeinmahaw08
အိမ် ဆို တာ ကျွန်မ တို့  တွက်နွေးထွေး လုံခြုံဆုံးနဲ့ ချစ်ခြင်းမေတ္တာတွေ နဲ့  ပြည့်ဝတဲ့ နေရာ တခု တဲ့  ဟင့်အင်ကျွန်မ ငြင်းချင်တယ် အိမ်ဆိုတာ အရင်တုန်းက ဟုတ်ချင်ဟုတ်မယ် အခုတော့ အိမ်ဆိုတာ မပြန်ချင်ဆုံး နေရာ တခု
အိမ်ဆို တာကထွက်သွားဖို့ အမြဲ ကြိုးစားနေကြတယ်တဲ့  အိမ်က ပျော်ရွင်မူ့ ကိုလဲမပေးတော့ဘူး တဲ့ သူတို့ ပြောနေကျတယ် သူတို့ လို ချင်တဲ့  အရာက သူတို့ အိမ်မှာ မရှိတော့ဘူး တဲ့ 
တကယ်ဝမ်းနည်းစရာ အိမ် ဆို တာ ဘာလဲ ဘာတွက်လဲ အိမ်ဆို တာ ရာသီဥတု ဒဏ်ကိုကာကွယ်ပေးယုံသက်သက်မဟုတ်တာတော့
သေချာတယ် အိမ် ဆိုတာ မိသားစု တခု တွက် အိမ်ဆိုတာ က အရာအားလုံးတွက် အိမ်ပြန်ချိန်ရှိတယ် ခု တော့ဒီအိမ်မှာဘယ်သူမှမနေချင်ကျတော့ဘူး
ခေါင်မလုံ မှတော့ ......
အိမ် ကထွက်သွားချင်နေတဲ့ သူများ သထက်များလာတယ် .........
အိမ်က တစ်ဦး တစ်ယောက်ရဲ့  ပိုင်စိုးမူအောက်မှာမရှိသင့်ဘူး ....အိမ်ဆိုတာ အချိန်မရွေးပြန်စဉ်းစားလိုက်တိုင်း ပြန်ချင်စရာကောင်းနေရမယ် ခုတော့.......... အိမ်က ....... အရာအားလုံးတွက် ... အိမ်တခု ရဲ့ အမိုးက မလုံ ... အိမ်တခု ရဲ့ မီးဖို ချောင်မှာလဲ အစားအစာ မရှိ အိမ်တခုရဲ့  စီးပွားရေး အိမ်တခု လုံခြုံရေး အိမ်တခု ရဲ့ ပျော်ရွင်ရေး အိမ်တစ်ခု ရဲ့  စိတ်ချမ်းသာစရာ ဘာမှမရှိ ဘူး အဲဒီအိမ်မှာ လူ့ တစ်ယောက်တွက် ခေတ်မှီ တဲ့ ပစ္စည်းတွေလဲမရှိသလို လူတစ်ယောက်တွက် လိုအပ်တဲ့ အဟာရ လဲမရှိ လူတစ်ယောက်တွက်မလုံခြုံ တဲ့ အနေထား မလွတ်လပ် တဲ့  အခြေနေတခု အဲဒီ အိမ်မှာ မနေ ချင် တာမှားသလား မနေသင့်တာမှားသလား
ကျန်းမာရေးတွက်လဲ စောင့်ရှောက်မူမရှိတဲ့ နေရာ ဒီလို အိမ်က ထွက်ခွာဖို့ စဉ်းစား နေကျတာ.......
ဒီအိမ်မှာ ဘာကိုဘာမှ မရှိ ပေမယ် .... အိမ်ရဲ့ အခန်းတခုမှာတော့မထင်မှတ်စွာလျှို့ ဝှက်အခန်း တခု ရှိ တယ် အဲဒီအခန်း မှာ မိသားစုတခု တော့ကျန်နေတယ် သိပ်ကို တစ်ကိုယ်ကောင်းဆန်ပြီးသိပ်ကို ရက်စက်တဲ့  မိသားစုတခု နေတယ် သူတို့ မှာတော့မထင်မှတ်စရာ အစစအရာရာပြည့်စုံနေတယ် နတ်ဘုံနတ်နန်းလား ဖြစ်အောင်သူတို့ အခန်းမှာရှိနေတယ် လောက မှာငွေနဲ့ ပေးလို့ ဝယ်လို ရတာမှန်သမျှအကုန်ရှိနေတယ် ဒါပေမယ့် သနားစရာကောင်းတာ ငွေနဲ့ ပေးဝယ်လို့ မရတဲ့ အရာတခုမှ သူတို့ ဆီ မှာ မရှိတာပါ ပဲ အဲဒီ စုတ်ပြတ်သတ်ပြီး ဘာတခုမှ မရှိတော့တဲ့ အဲဒီအိမ် မှာ သူတို့ တခန်းထဲ ဘယ်လောက်ရေရှည် တည့်တံအောင်နေနိုင်ကျမလဲသူတို့ မတွေးမိသမျှတော့ ...သနားစရာကောင်းနေလိမ်မယ်...........
အိမ်ဆိုတာ ဘာလဲ သူတို့ နားမလည် ဘူး အိမ်ဆိုတာ သူ တို့  အပိုင်စီး ပြီး အနိုင်ကျင့်နေရမယ် နေရာတခု ဖြစ်နေတယ် ............. အိမ်ဆိုတာ သူတို့ တွက် တော့ ..............
အိမ်ဆိုတာ .........အချိန်မရွေးပြန်လာချင်ရင်ပြန်လာ လို့ ရတဲ့ နေရာမဟုတ်တော့တာ ....... အိမ်ဆိုတာ အခုတော့........ အချိန်မရွေး မနေချင်တဲ့ နေရာပေါ့ ............. အိမ် အိမ် အိမ် အိမ်