ဘ၀သင်ခန်းစာ တခု
Geschrieben am 20.08.2009 von
nyeinmahaw08
သစ်ကုလားအုပ်တွေဟာ မွေးလာကတည်းက မတ်တပ်ရပ်ကြပါတယ်။ ပထမဆုံး အနေနဲ့ မွေးဖွားခါစ ကုလားအုပ်ပိစိလေး ဟာ ခြေမခိုင်ဘဲ နှစ်မီတာလောက်မှာ တခါလဲကျတယ်။ သူဟာလဲနေရာကနေ ရောင်တောင်တောင်နဲ့ ထပြီး သူခြေထောက်လေးပေါ်မှာရပ်တည်ဖို့ ကြိုးစား လိုက်ပြန်တယ်။ အဲဒီ အခါမှာ မေမေ သစ်ကုလားအုပ်ကြီး ရဲ့ ထူးဆန်းတဲ့ အပြုအမူ ဟာအံသြစရာကောင်းတယ်။သူက သူ့  ရဲ့ ပိစိကွေး
သူ့ ကလေး ကို ကို့ ရို့ ကားယားနဲ့ လဲ ကျသွားအောင်
သူ့ ခြေထောက်နဲ့  ဖွဖွ ကန်လိုက်တယ်။ နောက်တစ်ခါ ထပ်ပြီး ရပ်ဖို့ ကြိုးစား ရင် တစ်ခါ ထပ်ကန်လိုက်ပြန်တယ် ။ မွေးဖွား ကာစ သစ်ကုလားအုပ်ပိစိလေး က ပင်ပန်းကြီးစွာခက်ခက်ခဲ ခဲရပ်ရတဲ့ အထိ အဲဒီကိစ္စ ဟာ ခဏခဏဖြစ်နေတယ်။
နောက်ဆုံး တော့ မေမေ သစ်ကုလားအုပ်မကြီးက သူ့ ခြေထောက်တွေကို အားကုန်ထုတ် ပြီး ကန်လိုက်ပြန်တယ်။ အဲဒီနောက် ထပ်မကန်တော့ဘူး။
တကယ်တော့ ခက်ခဲ ပင်ပန်းကြီးစွာရုန်းကန်ရှင်သန်ရတဲ့ တိရိစ္ဆာန်တွေ ရဲ့ဘ၀ကို သွတ်သွင်းနေတာပါ။ သစ်ကုလားအုပ်တစ်ကောင် တွက် ပထမဆုံး သင်ခန်းစာ ကတော့သူ့ခြေထောက်တွေကိုလျှင်မြန်စွာအသုံးချနိုင်
ဖို့ ဖြစ်ပါတယ်။ အဲဒီမိခင်ရဲ့ ကြင်နာခြင်းကင်းပုံပေါ်
တဲ့ မြင်ကွင်းက နေ အာရပ်စကားပုံတခု ထွက်ပေါ်လာတယ်ခဲ့ တယ်။
""တစ်ခါတစ်ရံကောင်းမြတ်တဲ့ အရာကို သင်ယူဖို့ 
အတွက်သင်ဟာ အနည်းငယ်တော့အကြမ်းပတမ်းခံနိုင်ရမယ် " တဲ့ ။