Online ချစ်သူ
Geschrieben am 05.12.2009 von
mylove001
ကမ္ဘာမြေပေါ်မှာ အလွမ်းရဲ့
ပန်းတွေရှိတာ ကို အစကမသိခဲ့ဘူးလေ
မင်းနဲ့ချစ်ခဲ့တဲ့ နောက်ပိုင်းမှာ
ငါ့ကမ္ဘာမှာတော့ အလွမ်းရဲ့
ပန်းတွေက တဖွေးဖွေးနဲ့ပေါ့.........။
ငါလာခဲ့ချင်ပါတယ် မင်းမကြိုဆိုမှာကိုတော့
ငါစိုးရိမ်မိတယ်............။
ငါတစ်ကယ်ချစ်မိပါတယ်
မင်းတစ်ကယ်ပြန်မချစ်ခဲ့မှာကိုတော့
ငါစိုးရိမ်မိတယ်...........။
ငါက တစ်ဘ၀စာအတွက်ချစ်ခဲ့မိတာပါ
မင်းကခဏတာအတွက်ငါ့အချစ်ကို
အပျော်သဘောထားသွားမှာကိုလည်
ငါဆိုးရိမ်မိတယိ................။
Internet တွေ နဲ့ ခေတ်ပေါ်တိုးတတ်နေတဲ့
GPS လိုစနစ်တွေကြောင့်
ကမ္ဘာက ရွာကြီးတစ်ရွာ
သာသာလောက်ပဲရှိတော့ပါတယ်.........။
ONLINEစနစ် ကြောင့်မင်းနဲ့ငါတွေ့ခဲ့ရပါတယ်
online စနစ်ကြောင့် မင်းနဲ့ငါချစ်ခဲ့ရပါတယ်
online စနစ်ကြောင့် ပဲ ငါ့အသည်းတွေမကွဲ
ပါရစေနဲ့ကောင်မလေးရယ်................။
online စနစ်လေးကိုတော့ ငါ ဘယ်လိုပဲ
ဖြစ်ဖြစ် ကျေးဇူးတင်နေမိမှာပါ...........။
ဘာလို့လဲဆို တော့ သူက ငါ့ရဲ့
နှလုံးသားနိုးစက်ကလေး ဖြစ်နေလို့ပါပဲ..........။
(လမင်းသစ်)