********* ပန်းတစ်ပွင်ရဲ့ ဒဏ္ဍာရီကို ထိန်းကျောင်းသူများ ********

Geschrieben am 11.10.2013 von marmarhtayw

********* ပန်းတစ်ပွင်ရဲ့ ဒဏ္ဍာရီကို ထိန်းကျောင်းသူများ ******** ပန်းလေးတစ်ပွင့် ဖူးပွင့်လာသည်မှစ၍ ဒီပန်းပွင့်လေးကို လှပအသက်ဝင်စွာ ဖူးပွင့်လာစေဖို့ မကြွေလွင့်မပျက်စီး စေရန် ကျလာမဲ့ ဘေးမှန်သမျှကို အရိပ်တကြည့်ကြည့်နဲ့ မထိရက်မကိုင်ရက် အကြင်နာသက်သက်နဲ့ အလှကြည့်နေရက် တဲ့ ဥယျာဉ်မှူးစေတနာကြောင့် ပန်းလေးတွေဟာ အပြစ်အနာအဆာ ကင်းပစွာ လှပလို့ အသက်ဝင်နေပါတယ် ။ ပန်းဆိုသည်မှာလည်း အဆင်းအနံ့ နူးညံ့တဲ့ အတွေ့အထိနဲ့ပြည့်စုံတဲ့ ပန်းလေးတွေ ရှိသလို အဆင်းမရှိ သော်လည်း ရနံ့သင်းပျံ့လွန်းတဲ့ ပန်း ရနံ့မရှိသော်လည်း အဆင်းလှလွန်းတဲ့ ပန်း အဆင်းကော အနံ့ ကော မပါညား လည်း အမြင်အတွေ့မှာ နှစ်သက်လောက်အောင် နူးညံ့သိမ်မွှေ့လွန်းတဲ့ ပန်း လေးတွေ အမျိုးမျိုး အစားစားပေါ့ ။ ဒီလိုပါပဲ ကျွန်မတို့ လူသားပန်းကလေးများနဲ့ တူတဲ့မိန်းမသားများမလည်း အဆင်း အချင်း ပြည့်စုံသူ မပြည့်စုံသူ .................. အို အရွယ်မျိုးစုံ စရိုက်မျိုးစုံ အကျင့်မျိုးစုံနဲ့ အရောင်မျိုးစုံ စိတ်ရောင်စုံတွေနဲ့ လူလောက ဥယျာဉ်ကြီးထဲမှာ ဒဏ္ဍာရီ ဆန်ဆန် ဖူးပွင့်ဝေဆာနေလေရဲ့ကွယ် ။ ဘယ်လိုပင် ပန်းရောင်စုံကြား အဆင်းအနံ့ကြွယ်ကြွယ် အနံ့ပျယ်နေလည်း ပန်းကိုပျိုးတဲ့ ဥယျာဉ်မှူးများ ကား ကိုယ့်ပန်းလေးများကို အလှကြည့်နေချင်တာ သူတို့ရင်ထဲက စေတနာ အမှန်ရယ်ပါ ။ အကြောင်းရင်းတူစွာ ကျွန်မတို့ လူသား ဥယျာဉ်မှူးနဲ့ တူတဲ့ ယောကျာ်းများကလည်း ပန်းလေးနဲ့အလား သဏ္ဍန်တူတဲ့ ကျွန်မတို့ မိန်းမသား ပန်းလေးများကို မေတ္တာ စေတနာ အကြင်နာ အနင့်နာတွေနဲ့ စောင့်ရှောက် ထိန်းသိမ်းဖို့ အထူးလိုအပ်လှပါတယ် ရှင် ။ ပန်းလေးတစ်ပွင့်ဟာ ဖူးပွင့်လာသည်မှ ကြွေလွင့်ပျက်သုံးသည်ထိ အလွန်ပင် အပြစ်ကင်းလှပ သန့်စင်လွန်းလှပါတယ် ။ ဥယျာဉ်မှူးတို့ရဲ့ အပြုအစု အယုအယ ပြုပြင်တတ်ခြင်းတွေ ကောင်းရင်ကောင်းသလောက် ပန်းလေးတစ်ပွင့်ဟာ အဆင်းအနံ့ အရောင်အသွေး လှပလင်းလက် တောက်ပ လန်းဖြာနေစေမှာပါ ။ ဒဏ္ဍာရီ ဆန်ဆန် လှပလွန်းတဲ့ ကျွန်မတို့ မိန်းမသား ပန်းလေးတွေကို ဥယျာဉ်မှူးနဲ့ တူတဲ့ လူသား ယောက်ျားများနဲ့ အများကြီးသက်ဆိုင်လို့ နေပါတယ် .......................။ ပန်းကိုပျိုးတဲ့ ဥယျာဉ်မှူးက ပန်းကို မချိုးရက်သော်လည်း ....................... ပန်းနဲ့တူတဲ့ မိန်းမသားလေး များကို နမ်းမဲ့ ကိုင်မဲ့ ချိုးမဲ့ သူများဟာ ကိုယ် ခူးယူနမ်းရိုက်မဲ့ ပန်းလေးတွေကို အပြစ်အနာ အဆာ ကင်းအောင် စွမ်းဆောင်ပေးဖို့ လိုအပ်ပါတယ်ရှင် ။ ငါခူးလို့ ငါချွေလို့ ရတာပဲ ဆိုပြီး တာဝန်မဲ့ စိတ်နဲ့ ခပ်ညံ့ညံ့အတွေးများနဲ့တော့ ပန်းလေးတစ်ပွင့်ကို သင်တို့ကြောင့် မနွမ်းစေသင့်သလို မိမိတို့ကြောင့် ပန်းလေး နွမ်းကြွေလေလွင့်သွားရင် သင်တို့နဲ့ မျိုးနွယ်တူ ဥယျာဉ် မှူးများဟာလည်း နွမ်းကြွေပြီးသား ပန်းတစ်ပွင့်ကိုသာ ပိုင်ဆိုင်ရမှာပါ ။ အထူးသဖြင့် ဥယျာဉ်မှူးနဲ့ တူတဲ့ ယောက်ျားသားများဟာ ချစ်သူဘ၀ ကိုယ်ပန်းဆင်မြတ်နိုးအပ်မဲ့ ပန်းလေး ကို အချိန်မကျပဲ မနွမ်းကြွေသင့်ပါဘူး ရှင် ။ သူ့သဘာဝ ပန်းလေးများဘ၀ဟာ ရိုးစင်းလှပလွန်းပါတယ် ။ တကယ်တန်း ဆိုရင် ပန်းလေးတွေဟာ ရင်ခုန်သံတောင် မပါခဲ့အောင် အလွန်သန့်ရှင်းဖြူစင်လွန်းပါတယ် ။ မျက်ရည်တစ်စုံ ကျရတာ နှလုံးသားကြောင့် ဆိုရင် ရိုက်တတ်ခဲ့တဲ့ ပင့်သက်တွေမှာပဲ အပြစ်ရှိပါတယ် ။ အိမ်မပျော်တာ အတွေး တွေကြောင့်ဆိုရင် ခံစားမိတဲ့ နှလုံးသားမှာပဲ အပြစ်ရှိပါတယ် ။ ပန်းလေးတွေ ကြွေကျတာ လေပြင်းတွေကြောင့် ဆိုရင် လက်ခံခဲ့တဲ့ မြေပြင်မှာပဲ အပြစ်ရှိပါတယ် ။ လွမ်းတတ်ခဲ့တာ မင်းကြောင့်ပါဆိုရင်လည်း ချစ်မိခဲ့တဲ့ သင့်မှာပဲ အပြစ်ရှိပါတယ် ။ မိန်းကလေးအယောက်များစွာကို သင်တို့ ချစ်ရေးဆိုနေမဲ့ အစား ကိုယ်အမြတ်နိုးဆုံး နဲ့ တန်ဘိုအထားဆုံး မိန်းကလေး တစ်ယောက်ကိုသာ သင့်ရဲ့ ချစ်တတ်ခြင်းတွေကို တသက်တာလုံး ပုံအပ်ပေးလိုက်ပါ နော် ။ တိုးလျလျနဲ့ ရင်ခုန်သံတွေကို တူးဆွပေးခဲ့တာ သင်တို့ပါ ။ နာကျင်ခဲ့တဲ့ နှလုံးသားတစ်စုံကို သင်တို့ပိုင် ဆိုင်ခဲ့သည်ဆိုလည်း ချစ်တတ်အောင် သင်ပေးခဲ့တဲ့ သင်တို့ကြောင့်ပါ ။ ပန်းလေးတွေ ကြွေကျမြေခသွားလို့ သင်တို့ အပြစ်မြင်ရက်ခဲ့ရင်လည်း အဲဒီပန်းလေးတွေကို ထိန်းသိမ်းရမဲ့ သင်တို့ လက်အစုံရဲ့ ညံ့ဖျင်းမူ့ကြောင့်ပါ ။. နှလုံးသားအလို မလွန်ဆန်နိုင်ခဲ့ပါဆိုလည်း ရင်ခုန်မိတဲ့ အချစ် သင်တို့ အပြစ်ပါ ။ ရင်ခုန်သံခြင်းထပ် တူညီ စွာတီးခတ်ပြီးပြီဆိုရင် သင်တို့ရဲ့ ရင်ငွေ့မှာ ဒဏ္ဍာရီဆန်တဲ့ ပန်းလေးတစ်ပွင့် အတွက် နွေးထွေး လုံခြုံမူ့ အပြည့် ပေးလိုက်ပါ ။ ဒဏ္ဍာရီဆန်တဲ့ ပန်းတစ်ပွင့် ပုံပြင်တွေ လှပနေစေဖို့ ထိန်းကျောင်းလိုသူ သင်တို့ရဲ့ နှလုံးသားနဲ့ခံစား စေတနာအားတွေ စာနာတတ်ခြင်း ထောက်ထားတတ်ခြင်း ခံစားတတ်ခြင်းဆိုတဲ့ အကြင်နာ ရေစင်လေးများ ပက်ဖြန်း ပေးကြပါလို့ တောင်းဆိုရင်း .........................။ ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← မိန်းမတစ်ယောက်ရဲ့ ရာဇ၀င်   Zurück zu Blog    ********* အပျိုရည်ကို ဖြိ… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.