နအဖဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို တွေ့ရန်မလိုတော့သည်ဟု ယူဆ၍မတွေ့ခြင်းဟု အန်အယ်လ်ဒီက ပြော

Geschrieben am 03.09.2008 von kyawthuaung1983
Tags:ပြည်တွင်းသတင်း

ပီတာအောင်/ ၃ စက်တင်ဘာ ၂၀၀၈ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့ကို ဒေါ်အောင်ဆန်းစု ကြည်က မတွေ့ချင်ကြောင်း ပြောလိုက်သည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် နေ့စဉ် သတင်းစာများတွင် ဖော်ပြသော်လည်း တွေ့ရန်မလိုဘူးဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီက အတည်ပြုပြောသည်။ စက်တင်ဘာ (၂) ရက် မွန်းလွဲပိုင်း၌ ဆက်ဆံရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် အစိုးရက စီစဉ်ထားခဲ့ပြီး စက်တင်ဘာ (၁) ရက် မွန်းလွဲပိုင်းတွင် ဒေါက်တာတင်မျိုးဝင်း သွားရောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထိုအကြောင်းကို ပြီးခဲ့သည့် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်သည့် ရှေ့နေ ဦးကြည် ၀င်းကို သက်ဆိုင်ရာက မှာကြားလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့လိုသေးဟု ပြောကြောင်း သတင်း၌ပါရှိသည်။ ထိုသတင်းမှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အတည်ပြုပြောဆိုသော်လည်း မတွေ့ဆုံရသည့် အကြောင်းရင်းကို မသိရှိကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။ ၎င်းက “တွေ့ဖို့ ငြင်းလိုက်တာမဟုတ်ဘူး။ တွေ့ဖို့မလိုဘူးလို့ ပြောလိုက်တယ်လို့ ကျနော်သိရတယ်။ ဒီသတင်း ဟုတ်တယ်လို့ ကျနော်တို့သိတယ်။ ဒါပေမယ့် ဘာအကြောင်းပြချက်လဲဆိုတာတော့ မသိဘူး။ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဦးမတည်တဲ့ကိစ္စတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က မကျေနပ်ဘူး။ အဓိက ကတော့ အဲဒါပဲ။ ကျနော့် ယူဆချက်တော့ မပြောချင်ဘူး” ဟု ပြောသည်။ တိုင်းပြည်အတွက် အရေးကြီးသည့် အမျိုးသားရင်ကြားစေ့ရေးကိစ္စ ဆွေးနွေးရန် ရှေ့နေနှင့် လူကြုံပါးကာ အကြောင်းကြားခဲ့ခြင်းသည် မသင့်တော်ကြောင်းနှင့် အစိုးရအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်သင့် ကြောင်းလည်း အန်အယ်လ်ဒီက ပြောသည်။ ယခင်က အာဏာပိုင်များကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အား သွားခေါ်ပြီး ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံပေးလေ့ရှိခဲ့သည်။ ပြီးခဲ့သည့်လကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်အား အသံချဲ့စက်ဖြင့် အော်ခေါ်၍ အကြောင်းကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ခွင့်ငြင်းဆန်ခဲ့သည်။ အာဏာပိုင်များ၏ အဆိုပါလုပ်ရပ်များသည် တာဝန်မဲ့လုပ်ရပ်ဖြစ်ကြောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “သူတို့ပိတ်ထားတဲ့ တံခါးပဲ။ တံခါးကို ဖွင့်ပြီး ၀င်နိုင်တာပဲ။ သူတို့သတ်မှတ်တဲ့အဆင့် တခုခုက တံခါးကိုဖွင့်ပြီးတော့ အကျိုးအကြောင်း မေးနိုင်တယ်၊ ပြောနိုင်တယ်။ ဒါတွေ မပြောဘဲနဲ့ ဦးကြည်ဝင်းကတဆင့် ကြားတဲ့ သတင်းလောက်ကို ထုတ်ပြန်တာဟာ တာဝန်မဲ့ လုပ်တယ်လို့ ထင်ပါတယ်” ဟု ဝေဖန်ပြောကြားသည်။ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံနေသော်လည်း တွေ့ဆုံသည့်အဆင့်မှ တက် မလာသဖြင့် တွေ့ဆုံမှုအကျိုးမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်က ယူဆပြီး ငြင်းဆိုခြင်း ဖြစ်နိုင်ကြောင်း ဦးအေးသာအောင်က ပြောကြားသည်။ ဦးအေးသာအောင်က “ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာတာမှမဟုတ်တာ။ နအဖက ခေါင်းမာပြီးတော့ တဖက်သတ် သူ့ရဲ့လုပ်ငန်းတွေကို လုပ်နေတာ။ သူလုပ်သမျှကို လိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဟန်ပြလိုက်ပြီးတော့ လုပ်နေရမှာလား။ တွေ့ဆုံဆွေးနွေးရေးဆိုတာ မရေမရာတဲ့ အလာပသလာပ စကား ပြောတာမျိုးကို ဆိုလိုတာမဟုတ်ဘူး။ တိုင်းပြည်အတွက် အမျိုးသားအတွက် အကျိုးရှိမယ့် တစုံတရာ ဘုံသဘောတူညီချက်ကိုရအောင် အဆင့်ဆင့် ဆွေးနွေးသွားဖို့ လိုတယ်။ တပ်မတော်ဘက်ကလည်းပဲ ပြောတော့ပြောမယ်၊ ငါလုပ်ချင်တာ လုပ်မယ်ဆိုရင် ဆွေးနွေးတာမဟုတ်ဘူး။ ဦးအောင်ကြည်ကိုလည်း ဟန်ပြသက်သက် ဆွေးနွေးဖို့ထားတာ။ ဒီအပေါ်မှာ ဆက်ပြီးဆွေးနွေးနေရင်တော့ ဘာအကျိုးထူးမှာလည်း” ဟု ပြောသည်။ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲ မလာချင်အောင် သိက္ခာမဲ့သည့် နည်းများသုံး၍ ဖိတ်ကြားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်နိုင်အောင် တမင်ကြံစည်ခြင်းဖြစ်နိုင်သည်ဟု အတိုက်အခံဘက်က ယူဆသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရတို့အကြား ဆက်သွယ်ဆောင်ရွက်ရန် ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် နအဖစစ်အစိုးရက ပြီးခဲ့သည့် အောက်တိုဘာတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီလက နောက်ဆုံးတွေ့ဆုံခဲ့ပြီး နောက်ထပ်တွေ့ဆုံနိုင်ခြင်း မရှိတော့ပေ။

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ဆန္ဒပြနေသည့် ဒေါ်အောင်ဆန်းစြု…   Zurück zu Blog    ကာတွန်း →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.