ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ RSS Available

Gefiltert nach Tag ဆရာတော်၏အတ္ထုပတ္တိအကျည်း

Neue Beiträge in diesem Blog. Suche diesem Tag in anderen Blogs.

(ohne titel)

Geschrieben am 01.01.0001 von

Artikel lesen   Kommentar hinzufügen

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ

Geschrieben am 08.08.2010 von kyaukphru
Tags:ဆရာတော်၏အတ္ထုပတ္တိအကျည်း

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ



လွန်ခဲ့သည့်ဂျူလိုင်လ ၂၇ ရက်နေ့  နံနက်၁၀နာရီ ၁၅မိနစ်တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူးကိုယ်တိုင် ဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ ဝင်များစွာတို့  လက်နက်၊ ဒိုင်းကာများနှင့် စစ်တွေမြို့ ၊ ကန် တော်ကြီး၊ အာကျပ်တော်ကုန်းရှိ မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်အား ရန်သူ့  စစ်စခန်း ၀င်စီးသည့် အနေ အထားမျိုးဖြင့် ၀ိုင်းထားလိုက်ကြသည်။ ထို့ နောက် ကျောင်းထိုင်ဆရာတော် ရခိုင်သမိုင်း သုတေသီ စာရေးဆရာ၊ အယ်ဒီတာ ရမ္မာဝတီအသျှင်ပညာစာရအား ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြသည်။ ဆရာတော်အား ဖမ်းဆီးပြီး နောက်၊ ဆရာတော်ကိုယ်တိုင် အနှစ်နှစ်အလလ ဆင်းရဲပင်ပန်းကြီးစွာ ရခိုင်ပြည်အနှံ့ ခြေကျင်ခရီးဆန့် လျက် ရှာဖွေ ဖော်ထုတ် စုဆောင်းထားခဲ့ သော ရခိုင်ပြည်သုံး ရှေးဟောင်းဒင်္ဂါးများ၊ ဓည၀တီခေတ်မှစ၍ မြောက်ဦးခေတ် ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်များနှင့် ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ရခိုင် ရှေးဟောင်း ကျောက်စာများ၊ ရခိုင်ရာဇ၀င်ကျမ်းများ၊ ရခိုင်ဆေးကျမ်းများ၊ ရခိုင်သမိုင်းဆိုင်ရာ ပေစာများ၊ ရခိုင်ပြည်တနံတလျားမှ ရှာဖွေထားသော ငစွေခြင်း၊ ဇန်းခြင်း၊ နတ်ခြင်း၊ သာခြင်း၊ ဧခြင်းများ အပါအ၀င် ရှိရှိသမျှသော ရခိုင်စာပေ၊ ကျေးလက်ရိုးရာ တေးကဗျာ များကို တခုမကျန် အားလုံး သိမ်းကြုံး ယူဆောင်သွားခဲ့ကြသည်။ ဆရာတော်အား စစ်တွေအမှတ်(၁)ရဲစခန်း၌ အဓမ္မသင်္ကန်းဆွဲချွတ်၊ လူဝတ်လဲကာ ချုပ်နှောင်ပြီး၊ နိုင်ငံရေးမှု အပါအ၀င် အခြား လူမဆန်သည့် စွပ်စွဲချက်များ ဖြင့် ဖိအားပေး စစ်ဆေးလျက်ရှိသည်။

ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အသျှင်ပညာစာရသည် သက်တော်(၅၇)နှစ်၊ ၀ါတော်(၃၇)၀ါရှိပြီး၊ ရမ်းဗြဲမြို့ နယ်၊ ခွဆုံရွာသစ် (ကံ့ကော်တောင်)ရွာ ဇာတိဖြစ် သည်။ ခမည်းတော်မှာ ဦးရွှေလှဖြစ်ပြီး၊ မယ်တော် ဒေါ်ယင်မေညိုဖြစ်သည်။ ငယ်စဉ်က ရမ်းဗြဲမြို့ အင်းတောင် ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားခဲ့ပြီး၊ ပထမကြီးတန်းထိ အောင်မြင်ခဲ့သည်။ ငယ်စဉ်ကပင် ရခိုင်ရာဇ၀င်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ စသည့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ စုဆောင်း ဖော်ထုတ်လိုစိတ် နက်ရှိုင်းကြီးမားလှ သည်။ ရခိုင်တစ်ပြည်လုံး ကျေးလက်တောရွာများသို့ ငတ်ပြတ်၊ ဆင်းရဲမှုဒဏ်ကို သည်းခံလျက် ရခိုင်ရိုးရာယဉ်ကျေး မှုကို တစိုက်မတ်မတ် သွားရောက် ရှာဖွေ ဖော်ထုတ် စုဆောင်းခဲ့သည်။ ရမ္မာဝတီမဂ္ဂဇင်း၊ ရခိုင်ရိုးမမဂ္ဂဇင်း အပါအ၀င် ရခိုင်ဒေသထုတ် မဂ္ဂဇင်း၊ စာစောင်များ၏ အမြဲတမ်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ရခိုင်ဒေသမဂ္ဂဇင်းများတွင်လည်း ရမ္မာဝတီ-ပညာစာရ အမည်ဖြင့် ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည်။ ရမ္မာဝတီသဘာဝတေးကဗျာများ စာအုပ်အပါအ၀င် ရခိုင်ယဉ်ကျေးမှုသမိုင်းအမွေအနှစ်စာအုပ်များ ပုံနှိပ် ထုတ် ဝေခဲ့သည်။ ဆရာတော်ကို လေးစားသည့် နိုင်ငံတကာမှ သမိုင်းပညာရှင်များ မကြာခဏ လာရောက် အကူအညီ တောင်းခံကြရာတွင် သြစတြီးယား အမျိုးသားတက္ကသိုလ် ပါမောက္ခ ပင်မလာဂတ်မင် မှသည် ထိုင်းနိုင်ငံ ချူလာ လောင်ကွန်တက္ကသိုလ် ပါမောက္ခ ဂျက်လေဒါ အထိ ပါဝင်ကြသလို နိုင်ငံတကာ နှင့် ပြည်တွင်းမှ သမိုင်း၊ ရှေး ဟောင်းသုတေသန၊ အရှေ့ တိုင်းဘာသာရပ်များဖြင့် ဘွဲ့ ယူစာတမ်ြး ပုစုမည့် တက္ကသိုလ်ကျောင်းသားများ ကိုလည်း သမိုင်းဆိုင်ရာ အချက်အလက်များကို လူမျိုးမရွေး၊ ဘာသာမရွေး ကူညီဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ ရှေးဟောင်းသုတေသနဌာန၊ စစ်တွေတက္ကသိုလ်၊ စစ်တွေ ရခိုင်ယဉ်ကျေးမှုပြတိုက်တို့ အတွက် များစွာ အထောက်အကူပေးခဲ့သည်။ ရခိုင်ပြည်နယ်တွင်းရှိ ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများ၊ စာအုပ်များရေးသား ထုတ်ဝေနေသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တိုင်း ဆရာတော်ထံမှ ပုံစံမျိုးစုံဖြင့် အကူအညီ ယူခဲ့ကြရသည်။ မြန်မာနိုင်ငံ သမိုင်းသုတေသနဌာန၊ မြန်မာစာအဖွဲ့ တို့ မှပုဂ္ဂိုလ်များလည်း မကြာခဏ လာရောက်၍ ဆွေးနွေး အကူအညီတောင်းခံလေ့ရှိကြသည်။

၁၉၉၀ခုနှစ်တွင် ဆရာတောာ်သည် စစ်တွေ၊ကန်တော်ကြီးရပ်ကွက်၌ ရခိုင်သို့ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာ စရောက်သည့် အမှတ်သင်္ကေတ ဓည၀တီိခေတ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို အစွဲပြု ၍ မဟာမုနိဗုဒ္ဓ၀ိဟာရ အမည်ရှိ ၀ါးကျောင်းငယ်တစ်ခုကို စစ်တွေမြို့ မှ ရခိုင်စာပေသမားများနှင့် ဆောက်လုပ်ခဲ့သည်။ ဆွမ်းအခက်အခဲ ရှိ၍ ဆန်နို့ စည် ၁ဗူး လူ ၄ ယောက် စားသောက်လျက် မဟာမုနိကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဆင်းရဲ ငတ်ပြတ်မှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရသော်လည်း ရခိုင်စာပေ၊ ရခိုင်တောင်ပိုင်း မြောက်ပိုင်း ညီညွတ်ရေး အတွက် ဆရာတော် အပြုံးမပျက်ဘဲ ကန်တော်ကြီး၊ မင်းဂံရပ်ကွက်များမှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ ကို၊ ရာနှင့်ချီလျက် မူလတန်းမှ အထက်တန်းထိ အခမဲ့ ပညာသင်ကြားပေးရုံမျှမက အစွန့် ပစ်ခံ ရင်ခွင်ပိုက် မိဘမဲ့ကလေးငယ်များကိုလည်း ကောက်ယူ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ကုလားများက မူဆလင်အဖြစ် အသွင်ပြောင်းရန် လူကုန်ကူးခံရမည့် ရခိုင်မိဘမဲ့ကလေးများကို တဖက်လှည့်ဖြင့် ငွေနှင့်လဲလှယ် ယူလျက် မွေးမြူကာ ဗုဒ္ဓဘာသာ သင်္ကန်းစည်းပေးခဲ့သည်။

ဆရာတော်၏ မြင့်မြတ်သော စိတ်ဓာတ်ကို လေးစားကြသော ပြည်တွင်းပြည်ပ စာရေးဆရာ၊ သမိုင်းသုတေသီများ နှင့် ရခိုင်အင်အားစုများက လှူဒါန်းခဲ့ကြသည်။ ဤသည်ကို ရခိုင် သွေးစည်းညီညွတ်ရေးကို ပျက်စီးစေလိုသော၊ ရခိုင်သမိုင်း အမွေအနှစ်များကို ဖျက်ဆီးလိုသော ဗမာလူမျိုးကြီးဝါဒီ နအဖ စစ်အာဏာရှင်တို့ က စားဖားသမား အမျိုးသားသစ္စာဖောက် တချို့ ကို အသုံးချပြီး၊ ဆရာတော်၏ ကိုယ်ကျင့်သိက္ခာကို ချနင်းကာ တမျိုးသားလုံး၏ အသက်တမျှ အရေးကြီးလှသည့် ရခိုင်သမိုင်းအမွေအနှစ်ကို လုယူခဲ့ကြသည်။

နအဖပစ်သောမြားသည် ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီပညာစာရ တစ်ဦးတည်းကို ပစ်ခြင်း မဟုတ်၊ရခိုင်တမျိုးသားလုံး၏ နှလုံးသားတည့်တည့်ကို စူးနစ် စိုက်ဝင်စေသော မြားသာဖြစ်သည်။ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းရှိ ရခိုင်ကျောင်းသား ၁၂၀ ကျော်တို့ မှာ ဆရာတော်မရှိသဖြင့် အမိမဲ့သား ရေနည်းငါး ပမာရင်နှင့်အမျှ ပူလောင်နေကြရလေပြီ။

ပြည်တွင်း ပြည်ပ ရခိုင်အင်အားစုများအနေဖြင့် ရခိုင်သမိုင်း သုတေသီ ကရုဏာရှင် ဆရာတော် အသျှင်ပညာစာရ အမြန်ဆုံး ပြန်လွတ်ရေးအတွက် ကြိုးပမ်း ပေးကြပါရန် အထူး နှိုးဆော်အပ်ပါသည်။

 

ရမ္မာဝတီဘလော့မှ

Artikel lesen   Kommentar hinzufügen

© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.