တိုးတက်ရေးပါတီ၏ သဘောထား ကြေညာချက် ထုတ်ပြန်

Geschrieben am 09.08.2010 von kyaukphru
Tags:သတင်း

 

မိုးမိုးကျော် (Arakan Review)

သြဂတ်(စ်) – (၉)၊ ၂၀၁၀။

(RNDP) ၏ မဟာမုနိဗုဒ္ဓ၀ိရကျောင်း အဖြစ်အပျက်နှင့် ပတ်သက်၍ သဘောထား ကြေညာချက်

ရခိုင်ပြည်၊ စစ်တွေမြို့ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းထိုင်ဆရာတော် ဦးပညာစာရ ဖမ်းဆီး ထိန်းသိမ်းခံရပြီး နောက်ပိုင်းဖြစ်ရပ် များနှင့် ပတ်သက်၍ ယနေ့ သြဂတ်(စ်) (၉) ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ သဘောထား ကြေညာချက် တစ်စောင် ထွက်ပေါ်လာခဲ့ပါသည်။

အဆိုပါ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ သဘောထား ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူ ဦးခိုင်ပြည်စိုးအား Arakan Review မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

 

“သဘောထား ကြေညာချက် ထုတ်ပြန်ရတာက ဒီ စစ်တွေမြို့မှာရှိတဲ့ မြို့မိ၊ မြို့ဖတွေဟာ ကျနော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ရခိုင့်နိုင်ငံရေး ဦးဆောင်ပါတီအဖြစ်နဲ့ အားကိုး ယုံကြည်တဲ့အတွက် အခု ဆရာတော် ဦးပညာစာရ ဖမ်းဆီးခံရတဲ့ နောက်ပိုင်းမှာ ကျောင်းမှာ ရှိတဲ့ ရခိုင့်ယဉ်ကျေးမှု သမိုင်းဝင် ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြားတွေနဲ့အတူ ပညာသင်ကြား နေတဲ့ မိဘမဲ့ ကလေးတွေကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းသွားတာကို ပါတီအနေနဲ့ ဦးဆောင်ပြီး ဖြေရှင်းပေးပါလို့ အကြံပေးလာတာကြောင့်  ပြည်သူတွေရဲ့ သဘောအတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု (RNDP) ၏ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူ ဦးခိုင်ပြည်စိုးက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့် ဆရာတော် ဦးပညာစာရကျောင်းတွင် ပညာသင်ကြားနေကြသော မိဘမဲ့ ကလေးများအား နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းပြီး အထက် ဗမာပြည်သို့ ယူဆောင်သွားခြင်းနှင့်ပတ်သက်၍ အဆိုပါ ကလေးများ စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိလာစေရန်နှင့် သိမ်းဆည်းသွားသည့် ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်များအား အမျိုးသား ဂုဏ်ဆောင်ပစ္စည်းများအဖြစ် ရခိုင်ပြည်သူများ၏ ရှေ့မှောက်တွင် ဥပဒေအရ ခင်းကျင်း ပြသနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပါတီ၏ အတွင်းအရေးမှူး အဖွဲ့ဝင်ဖြစ်သူ ဦးခိုင်ပြည် စိုးက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သည် မိမိတို့ ချမှတ်ထားသော နိုင်ငံရေး မူဝါဒများကို အခြေခံပြီး ရခိုင်ပြည်သူလူထု၏ အကျိုးကို ရှေ့တန်းတင်ကာ ကြိုးစားသွားမည် ဖြစ်ကြောင်း သူက ထုတ်ဖော် ပြောကြားခဲ့သည်။

“ရခိုင်ပြည်မှာ ကြုံတွေ့နေရတဲ့ ရှေးဟောင်း ယဉ်ကျေးမှု သမိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရခိုင်ပြည်သူတွေရဲ့ လူမှုအကျပ်အတည်း အခက်အခဲတွေကြားထဲမှာ ရခိုင်ပြည်သူတွေအတွက် အားထားလောက်တဲ့ နိုင်ငံရေး ပါတီတရပ်အနေနဲ့ ဥပဒေဘောင်အတွင်းက နေပြီးတော့ ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ရခိုင်တိုင်းရင်းသားများအနေနှင့် ယခုကဲ့သို့ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း အဖြစ်အပျက်နှင့် ပတ်သက်၍ ၀င်ရောက်လာခြင်းနှင့် ပတ်သက်၍ ပါတီအပေါ် တင်းကျပ်မှုများ ပြုလုပ်လာမည်ကို မစိုးရိမ်ကြောင်း သူက ဆက်ပြောသည်။

“အခုလို မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း အဖြစ်အပျက်နဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်တာကို ဒေသခံ အာဏာပိုင်တွေက ပါတီအပေါ် တင်းကျပ်မှုတွေ ပြုလုပ်လာလိမ့်မယ်လို့ မထင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ဥပဒေလမ်းကြောင်း အတိုင်းပဲ သွားနေတာဖြစ်လို့ဘဲ” ဟု ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အနေဖြင့် ဆရာတော် ပညာစာရ၏ အမှုကိစ္စအတွက် တရားရုံးတွင် နိုင်ငံသားတစ်ယောက်၏  ရပိုင်ခွင့်နှင့် အညီ ဥပဒေအရ နည်းလမ်းကျကျ ခုခံနိုင်ရန် ဆောင်ရွက်ပေးနေပြီး၊ အထက်ဗမာပြည်သို့ ရောက်ရှိသွားပြီ ဖြစ်သော ရခိုင်လူမျိုး မိဘမဲ့ ကလေးငယ်များအား ပြန်လည် ခေါ်ဆောင်ရေးနှင့် နေရာတကျ ပြန်လည် ထားရှိရေးတို့အတွက် စစ်တွေမြို့ရှိ မြို့မိ၊ မြို့ဖများနှင့် လက်တွဲကာ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← အသျှင်ပညာစာရဖမ်းဆီးခံရခြင်းနှင…   Zurück zu Blog   မဟာမုနိ ဗုဒ္ဒ၀ိဟာရကျောင်း အဖြစ်… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.