ရမ္မာဝတီ-အသျှင် ပညာစာရ၏နောက်ဆက်တွဲသတင်း

Geschrieben am 08.08.2010 von kyaukphru

သတင်း စုဆောင်း ပေးပို့သူ ခိုင်သူရိန်

(၂-၈-၁၀နေ့ ၂၀း၃၀ နာရီထိ) ၁-၈-၁၀နေ့ ညနေ ၄း၃၀တွင်မင်းဂံရပ်ကွက်နေ၊ မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတွင်အခမဲ့စာသင်ပေးနေသော ဆရာဦးခိုင်ပြည်စိုး နှင့် မဟာမုနိဝိဟာရကျောင်းမှမိဘမဲ့ကျောင်းသား ဖြစ်သူ စစ်တွေတက္ကသိုလ် တတိယနှစ် ဥပဒေကျောင်းသား မောင်ကျော်ကျော်သန်း တို့  နှစ်ဦးအား SB များက အမှတ်(၁)ရဲစခန်းသို့  ဆိုင်ကယ်များဖြင့် တင်ခေါ်သွားသည်။ရဲစခန်းတွင် ဦးးပညာစာရ ရှေ့ မှောက်၌ သူတို့ ၂ဦးကို စစ်ဆေးခဲ့သည်။ အဓိက မေးမြန်းခဲ့သည်မှာ ပြည်ပနိုင်ငံများရှိ ရခိုင်များ၏ နိုင်ငံရေးလှုပ်ရှား မှုများ၊ လူမှုရေးလှုပ်ရှားမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုခွေများနှင့် ၂၀၀၃ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှတ်တမ်းခွေများ ကိစ္စ မေးမြန်းသည်။ ထိုသို့ ၆ နာရီကြာ စစ်မေးပြီး ည၁၀း၃၀နာရီတွင် ပြန်လွှတ်လိုက်သည်။ ၄င်းတို့ အမြင်အရ ဦးပညာ စာရသည် မျက်နှာညိုမဲနေပြီး၊ မြင်ရက်စရာမရှိလောက်အောင် အလွန်ပိန်ချုံးနေကြောင်း၊ စကားပြောစဉ်တွင်ပင် အလွန် အားနည်းနေကြောင်း သိရသည်။ရဲတပ်ဖွဲ့ ဝင်တချို့  ပြောကြားချက်အရ နေ့ မအိပ်ရ၊ ညမအိပ်ရ စစ်ဆေးနေ ပြီး အစာမပေး ရေမပေးကြောင်းသိရသည်။ အစာငတ်ခံဆန္ဒပြနေသည်ဟုလည်း ပြင်ပတွင် ပြောနေကြသည်။ ၃၁-၇-၁၀နေ့ က နပခတိုင်းမှူး တင်ခေါ်သွားသည့် ကလေး ၄၅ ယောက်ကို စစ်တွေ ဦးဥတ္တမပန်းခြံရှိ လူမှုဝန်ထမ်းဌာ န တွင် ထိန်းသိမ်းထားပြီး ယနေ့ ၂-၈-၁၀ နေ့ညနေပိုင်းတွင်ရန်ကုန်သို့  Express အမြန်ယာဉ်ဖြင့် ခေါ်ဆောင်မည်ဟု သိရသည်။ ယနေ့ စစ်တွေလုံခြုံရေးမှာ မဟာမုနိကျောင်းနှင့် ကျောင်းဝန်းကျင်၊ ဦးဥတ္တမပန်းခြံတို့ မှာ အပြည့်နေရာယူထား သည်။ ဦပညာစာရအား အဓိကတိုင်တန်းသူ ၂ ဦးမှာ မာတေဇာ အင်ဂျီအိုမှ အောင်ဝင်းကျော်နှင့် ထွန်းသိန်း တို့  ၂ ဦးဖြစ် ကြောင်း ရဲအသိုင်းအ၀ိုင်းက ဆိုသည်။ တချို့က ရဲမင်းကြီးထံမှ ငွေ၁၀သိန်း ရယူပြီးမှ လုပ်ဆောင်ကြောင်းပြောသည်။ ဦးပညာစာရအား ရဟန်းအဖြစ်မှ လူအဖြစ်သို့ သိက္ခာချသူများမှာ စစ်တွေမြို့  မဏိရတနာကျောင်းတိုက် ဆရာတော်နှင့် ဓမ္မသုခကျောင်း ဆရာတော် တို့ ဖြစ်သည် ဟုသိရသည်။ ယနေ့ စစ်တွေ လူထုသဘောထားမှာ ဆရာတော်အား ပိုမိုလေးစားလာကြပြီး ဆရာတော်အား ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့သူများကို ပိုမုန်းလာကြ သည်ကို တွေ့ ရသည်။ တချို့ က ဆရာတော်၏ သမိုင်းသုတေသန လုပ်ဆောင်ချက်များ၊ ပရဟိတဆောင်ရွက်ချက် များ ကိုလက်ကမ်းစာစောင်များ ပြုလုပ်ဖြန့်  ဝေသည်ကိုလည်း တွေ့ လာရသည်။ စာစောင်တွင် ဗမာလူမျိုးကြီး ၀ါဒကို ကိုင်စွဲသော နအဖ စစ်ဝါဒီ တို့ သည် ရခိုင်သမိုင်းပညာရှင်များကို ထောင်ချသည်၊ သတ်ပစ်သည်။ ရခိုင်သမိုင်း အမွေအနှစ်များကိုသိမ်းယူသည်။ နောက်ဆုံး ရခိုင်ကလေးငယ်များကိုပါ သိမ်းယူသည်…စသည်ဖြင့် ရေးသားပါရှိကြောင်းသိရသည်။ (၁၄း၁၀) နာရီ ၀င်လာသောသတင်းအရ- ရခိုင် ရဟန်းတော်နှင့် လူငယ် ကျောင်းသားများက ရခိုင်ကလေးငယ်များ အားဗမာပြည် မယူရေး လက်မှတ်ထိုး တောင်းဆိုရန် အစည်းအဝေး လုပ်နေကြောင်းသိရသည်။ ဆရာတော်အား စွပ်စွဲထားချက်များနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ခုခံချေပရန် ပုသိမ်ကျောင်းမှ သံဃာ တော်များ နှင့် စစ်တွေသံဃာတော်များက စီစဉ်နေကြသည်။ (၂၀း၀၀)နာရီ ၀င်လာသော သတင်းအရ-ယနေ့ ညနေ ၃နာရီခန့် တွင် မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ကျောင်း မှမိဘမဲ့ ကျောင်းသား အားလုံးနှင့် ၀န်ထမ်းအားလုံးအား ဖယ်ရှားလိုက်ပြီး ကျောင်းကို ချိတ်ပိတ်လိုက်ပြီ။ ကျောင်းသား အများစုကို အမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားပြီး။ တချို့မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ခိုင်လုံသော သတင်းရှိသည်။ : ----------------------------------- ----------------------------------- ----------------------------------- : (နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

 

နိရဉ္စရာ သတင်းဌာနမှ

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ကေဵာင်းထိုင်ဆရာတော်ကို ရဲက ႟ို…   Zurück zu Blog   ရမ္မာဝတီ-အသျှင် ပညာစာရ၏နောက်ဆက်… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.