လိပ်စာမှားသွာတဲ့ ဖိတ်စာလေးပဲလား

Geschrieben am 04.02.2009 von co2zenith

 

အတ္တတွေ စီးမျော အတ္တဘော လူ့တစ္တေတွေ
ကံတွေလွှတ်ကောင်း ဒီသူတောင်းစားတွေ ဘယ်နေ့များ သေကြမလဲ…?
အတူသာလိုက်မယ်ဆို ငါပါသေပေးလိုက်ချင်ရဲ့
အပြစ်မဲ့ပြည်သူ တန်းတူညီမျှ ဘယ်တော့မှ လှပကြမလည်း…?
ရိုးသားတဲ့ပြည်သူတွေ ဒီမတရားကောင်တွေ နှိပ်စက် သက်သက်မဲ့ခံနေရတာ
ဒင်းတို့က အားမရဘုးထင်
နားတင်မက မျက်စိဆုံပိတ် စိတ်ရိုက်ချိုးခံရတာ
ဒီသတ္တ၀ါဆိုးတွေကြောင့် ငါတို့ပဲ မွဲပြီးရင်းမွဲ
ဘယ်အခါကမှန်းမသိ အမှန်တရားလဲ မရှိခဲ့တာ
အလဲကွဲ ရုန်းကန် ကောင်းစားဖို့ဆိုတာ မလုံလောက်သေးဘူး
လမ်းဘေးရောက်ခွေးလောက်တောင် ဇိမ်ကျအောင် မနေကြရတာ န.အ.ဖ သတ္တ၀ါတွေကြောင့်
ကိုယ့် ရိုးသားမှု့နဲ့ကိုယ် ဘယ်လို အသက်ရှင်ကြမလည်း…?
အမှောင်ထဲ မီးပျက် စမ်းတ၀ါးဝါးရက်စက် ၀မ်းနည်းပက်လက် အသည်းဆက်ဆက်ခါနာကျင်ရတာ အခါခါပဲ
တစ်ကြိမ်မက ကြားဘူးရတဲ့စကား
အချိန်က စကားပြောမတဲ့
နားခါး ဖို့သက်သက် လွဲတက်တက်စင် န.အ.ဖ ဖုတ်ဝင်တာ နှစ် (၂၀) မကတော့ဘူး ………. ဗျ
ကဲ………
ဘယ်လိုလုပ်ကြမလဲ အမှန်တရားကလွဲ
ကံတရားကလဲ မွဲတဲ့ပြည်သူ ငတ်သေတဲ့သူသေ
ဘယ်သူတွေ ပြောခဲ့လဲ မြန်မာပြည်ထဲ ဒါမျိုး မရှိခဲ့ဘူးဆို…?
လိုနေပြီ ညီညွတ်ခြင်း ခိုင်မြဲခြင်း အပြည့်နဲ့ အလင်းထဲ တိုးထွက်စို့
တို့ပေးဆပ်ခဲ့ရတာ များလွန်းတာ မမေ့ကြပါနဲ့
ဒေါင်းတောင် တလူလူ ခေါင်းဆောင်သူအားလုံးလဲ
သိမ်းကြုံးဆွဲညှစ် အထဲထည့်ပစ်တာ ဒီ မသာတွေပဲ
ဘယ်မလည်းနောက် ရဲရဲတောက်လူ
တာစူလည်းမရဲ နောက်လဲပဲ မဆုတ်သာ မျှော်လင့်တာဝေးသတဲ့ ဝေးပြီ
သတ္တိသွေးမွေး ရှေဆက်ရေးက ပေါက်ပြားကိုယူ
ကိုယ့်တွင်းကိုယ်တူးပြီး၊
ငါတို့ သေမထူးနေမထူးဖြစ်မှ
န.အ.ဖအစုတ် အယုတ်ကောင်တွေ ကိုပြုတ်အောင် မွှေနိုင်မှာ
ငါလည်းမပြောရက်တော့ပါဘူး
ရွံ့နေကြတာလား ရွံမုန်းသွားကြပြီလား
သူရဲကောင်းများ ဘယ်နားရောက်ကုန် ကြပြီလည်း ဗျာ
လိပ်စာပဲ မသိလို့လား
ဖိတ်စာပဲ မရောက်လို့လား
အိပ်ယာထဲ မှောက်နေကြလား…?

သြော် . . .
အတွေးတစ်စက မျှောသွားတော့ ကျွန်တော် သတိရတဲ့အချိန်
အိမ်သားတွေ အဆာ လွန်နေကြပေါ့။
အတွေးကို ခဏရပ် ဆန်တစ်ခွက်ဝယ်ကာ ပြန်အလှည့်လာ
လမ်းတစ်ဝက်မှာပဲ
ခွေးရိုင်းတသိုက် ၀ိုင်းလိုက်ခါ ဆွဲတော့
ကျွန်တော် အထဲနောက်တစ်ခေါက် ၀င်ရပြန်ပေါ့…

အမှန်တရားအတွက် အသက်မစွန့် ရဲရင်တောင်
အမှားတွေကို မထောက်ခံမိ ဖို့ ကအရေးကြီးပါတယ်။
မသိတာကို သိအောင် လုပ်ရမှာကိုတာဝန်ဖြစ်နေပါပြီ။
ဟိုမျှော်၊ဒီမျှော်ထက် ကိုယ်တိုင် ထလုပ်ရမဲ့ အချိန်ဖြစ်နေပါပြီ။
နှမ်းတလုံးနဲ့ ဆီမဖြစ်ပေမဲ့  နှမ်းလုံးတွေများလာရင်တော့ ဆီဖြစ်မှာသေချာပါတယ်။
မိမိ ကနှမ်းတလုံးအဆင့်  ဆိုရင်တောင် နှမ်းဖျင်း၊နှမ်းအ မဖြစ်ဖို့ ပိုအရေးကြီးပါတယ်။
လူတိုင်းမသိတာ မဟုတ်ပါဘူး မသိချင်ယောင်ဆောင်နေကြတာပါ။
ကိုယ်တိုင်ထလုပ်ကြည့် ပါ။
လူတိုင်းလုပ်ရင် လူတိုင်းမဆင်းရဲပါဘူး။
လုပ်တဲ့ သူနဲ့ မလုပ်ပဲနေတဲ့ သူမမျှတဲ့ အတွက် ကြာနေကြတာပါ။
အားလုံး ကိုယ်အသိရှိသလောက်
လေ ထလုပ်ကြည့် ကြပါ။
သူများ အားမကိုးကြပါနဲ့ ။

 

Co2zenith

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ကျွန်တော်အခု ဘာလုပ်နေလည်းဆိုတေ…   Zurück zu Blog   ဝေမျှတတ်သူများသို့  မျှဝေခြင်း →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.