ဆုတောင်း
Geschrieben am 20.11.2009 von
83minlwin09
အချစ်.....
အသစ် မရှိဘူး။
အပြစ်ရှိရင်လဲ
ကျေစေတော့ ချစ်သူ....။
အစစ်တွေပဲမို့
အချစ်တွေလဲ မဟောင်းနိုင်ခဲ့ဘူး။
အပြစ်တွေပဲလို့
အထင်တွေလဲ မပြောင်းနိုင်ခဲ့ဘူး။
ချစ်သူ.....
စစ်မှန်တဲ့ ချစ်ခြင်း
အပြစ်ကင်းတာမို့
အမြင် မရှင်းရင်လဲ
အသစ် မင်းရှာလို့သာ
ပျော်နိုင်စေသား .....။ ။