မာန

Geschrieben am 26.11.2009 von nyeinmahaw08

       မိန်းကလေး  တစ်ယောက် မှာ ရှိသင့် တဲ့ မာန တခုတော့  မိန်းကလေးတိုင်းအတွက် အဆင်တန်ဆာအနေနဲ့ရှိနေ စေချင်ပါတယ် .......... 

 အဲဒီမာနမှာ တန်ဖိုးဖြတ်လို့ ရတဲ့ အရာတွေ နဲ့ ဘယ်တော့မှမလဲတဲ့   စိတ်ဓာတ်ကို အမြဲ ရှိနေစေချင်ပါတယ်.....................    မိန်းကလေးဆို တာ တကယ်တော့  ပန်းပွင့် တပွင့် နဲ့ ဘာမှ မခြားပါဘူး  အညှာလွယ်တယ်  ချစ်မိပြီဆို ......သိပ်မစဉ်းစားတော့ဘူး ..........  ဒါ ကို သိထားတဲ့ ပုရိသ တွေ ကတော့  ပန်းခူး  သမားတွေပေါ့...........  

               တချို့ ပန်းတွေ က ဆူးမပါဘူး ခူး ချင်သလို ခူး ခြွေချင်သလို ခြွေ သိပ်လွယ်တယ်  .......ဒါပေမယ့် တချို့ ပန်းတွေ မှာ ခူးချင်သလို ခူးခွင့်မရှိသလို့ ခြွေချင်တိုင်းလဲခြွေ လို့ မရ ပါဘူး သူ မှာ ဆူး ဆို တဲ့  စူး စေတဲ့  လက်နက်ပါတယ်

        အဲဒီလို ပဲ  ကျွန်မ တို့ မိန်းကလေးတွေ  မှာရှိသင်တဲ့ မာန နဲ့ ရှိသင့် တဲ့  စူး

တွေ ကို အမြဲ တမ်း မိမိကိုယ့်ကို ကာကွယ်ထားရမယ် ........။  မိန်းကလေးတစ်ယောက် မှာ မိမိ ကိုယ်ကို ကိုယ်တန်ဖိုး မထား ရင်မည်သူက မျှတန်ဖိုးမထားပါဘူး .........။  ကျွန်မ သိစေချင်တဲ့  မိန်းကလေးတွေ ကို အထူးသဖြင့် ခုခောတ်မြန်မာမိန်းကလေးများ တွက်ကို ကျွန်မ စိတ်ပူတယ် ........ ဒီဘလော့ခ်လေး ဟာ ယောက်ကျားမကောင်း ၀ါဒီတခုမဟုတ်ပါဘူး ....။ မိန်းကလေးများအနေ နဲ့  ထားသင့်တဲ့ မာနဆိုတာ  ကို ဘာလဲ သိစေချင်တာပါ။  

  ကျွန်မ မှာ ညီမလေးနှစ်ယောက်နဲ့ အတူ သူတို့ သူငယ်ချင်းအပေါင်းသင်းများ ကြားမှာ လူကြီးတစ်ယောက်လို နေခဲ့ ရတာကြောင့် အရာရာ ကို မိခင်သဖွယ် ဆုံးမ နေခဲ့ ရပါတယ်။  ဒါကြောင့် မိန်းကလေး တွေ အများစုရဲ့  အားနည်းချက်တခု ကို ကျွန်မ တွေ့ ခဲ့ ရတာပါ ။  အဓိက မိန်းကလေးတစ်ယောက် ရဲ့ ကိုယ်တန်ဖိုးနဲ့  မာန အကြောင်းကို  သေချာ  နားမလည်တာကို ပါ။  ကျွန်မ ညီမလေးတွေ လို ပဲ မြန်မာမိန်းကလေးများ ကို ချစ်သောကြောင့် ဒီဘလောခ် ကိုရေးရတာ ပါ။ ယောက်ကျားလေး ဆို တာ ပထမ မိန်းကလေးတစ်ယောက်မှာ အရွယ်ရောက်လာပြီဆို ပါ က ကြိုက်ချင်စရာ အရည်သွေးရှိသောမည်သည့်မိန်းကလေးကိုမဆို  သူတို့  စတင် ဇာတ်လမ်း ဆင်ပါပြီ(ကျွန်မ  ပြောသောအရွယ်များ သည် 15နှစ်မှ  20  အတွင်းကိုသာဖြစ်ပါတယ်)  မိန်းကလေး များကလဲ သူတို့ ပြန်လည် ကြိုက်နိုင်သောအချက်အလက်တခုခုကို တွေ့ ပါက လည်း သိပ်မကြာခင်တွင်းမှာ ပဲ သူတို့ စတဲ့ ဇာတ်လမ်း တွင်းသို့  ပါဝင် ကပါပြီ .......။  အဲဒီမှာရည်စား ဘ၀ဆိုတာ မိန်းကလေး တွေ ရမှာ ရည်စား ဆိုတာ လက်ထိရင်လက်အိုပါတယ် အစရှိသည်ဖြင့် မိမိကိုယ့်ကိုကိုယ် တန်းဖိုးစထားနိုင်လေလေ သူတို့ ပို့  လန့် လေလေ ပါ....။  မိမိ ကိုယ့် ကိုကိုယ်တန်းမဖိုး မထားလေလေ  သူတို့ တဖြည်းဖြည်းနဲ့  ခွာ သွားလေလေ ပါပဲ။  အဲဒါ ယောက်င်္ကျားတွေရဲ့ ပုံသေနည်းပါ။  ဘာလို့ လဲ ဆိုတော့ လူသဘော တွေ ဟာ  မိန်းမ ပဲဖြစ်ဖြစ် ယောက်ကျာ်းလေးပဲဖြစ်ဖြစ် ဘယ်အရာကို မဆို လွယ်လွယ်ရရင် ဘယ်တော့မှတန်မဖိုး မထားလေပါပဲ ရှင်။  မိန်းကလေးတွေ အနေ နဲ့  အဲဒီနေရာ မာနဆိုတာ ကို  ရှေ့ တန်းတင်ပြီး မိမိကိုယ့်ကို တန်းဖိုးထား တဲ့ မာနကို ဆိုလိုခြင်းဖြစ်ပါတယ်။   အဲဒီမာန နဲ့ မိမိကိုယ့်ကို ကိုယ် ကာကွယ်လိုက်ပါ။ 

  ပထမ လက်ကလေး စကိုင်လိုက်မယ် သူတို့ စိတ်ထဲမယ် အင်း.........ကောင်မလေး မဆိုး ဘူး ...... အင်းတဖြည်းဖြည်းနဲ့ သူတို့ လိုချင်တဲ့ အတိုင်းအတာအတွင်းမှာ ပဲ သူတို့ က တဆင့် ခြင်း ဆင့်ခြင်းတန်ဖိုးဖြတ်သွားတာ သူ တို့ ရဲ့အတွင်းစိတ်ကနေ ပါပဲ.........။ အဲလို မိန်းကလေးမျိုး ကိုဘယ်ယောက်ကျားလေးက မှအတည်တကျ ဘယ်သောအခါမှ မယူ ပါ.။ 100မှာ  10%  နူန်းနည်းပါတယ်။  ကျွန်မ ရဲ့ အခု သဘောတရားတခုမှာ အချစ်ဆိုတဲ့ ခံစားမူသက်သက်မပါတဲ့  သဘောတရားတွေကို ပြောပြနေခြင်းပါ။  

  ဒါကို ပုံသေနည်းဆိုလဲမမှားပါဘူး   ကျွန်မ  သူငယ်ချင်း တစ်ယောက်  ယောက်ကျားလေး ပါ ကောင်မလေး တစ်ယောက်နဲ့ တွဲ တယ် တော်တော်လေးကို ကြာတယ် ကောင်မလေးက  မယူမဖြစ်ယူခိုင်းတဲ့ အခါ မယူနိုင်ပါတဲ့........  

ကျွန်မ  သူကို မေးကြည့်တယ် မင်း သူကိုဘာလို့ မယူတာ လဲ မေးတော့ ဟာာ မယူချင်ဘူး တဲ့   သူ ဒီလောက် ဘာမာနမှမရှိတာတဲ့  ငါအရင်မှာလဲ ဒီလိုပဲ လွယ်မယ်ထင်တယ် နောက်လဲ ဒီလို ပဲနေမှာတဲ့   ကဲ ........... ။   စဉ်းစားပါကြည့်ပါအုန်း ဘယ်လောက် အသဲယားစရာကောင်းလဲ  သူကို ကျွန်မ  အပြစ်တင်စကားပြောတော့  မင်း နှမချင်းကိုယ် ချင်းစာပါကွာ ဆိုတော့ ဘာစာစရာလို လဲတဲ့  ငါနှမလဲ သူဖြစ် သူခံ တဲ့   ...........။ ကဲ ဒီလိုယောက်ကျားလေးတွေ လောကကြီး မှာဘယ်လောက်ရှိနေမလဲ စဉ်းစား စရာမလို ဘူး အဓိက သူတို့ ကိုလဲ အပြစ်တင်နေစရာ မလို ဘူး ဘာပဲဖြစ်ဖြစ် အစကတည်းက ကိုယ်ဖြစ်ကိုယ်ခံ အရာရာ မိန်းကလေးဆို တာ ဖက်ပေါ်ဆူးကျလဲ ဖက်ပေါက် သလို ဆူးပေါ်ဖက်ကျလဲ ဖက်ပဲပေါက်မယ်ဆို တာ ဒါ သိပြီးသားပဲ ။။ 

ယောက်ကျားလေး ဆိုတာ သူ တို့  သဘာဝ နဲ့ သူတို့ အကျင့်စရိုက် ဆိုတာ စက်ရုံကထုတ်လိုက်တဲ့ စည်သွပ်ဘူးတွေလို ပဲ အတူတူပါပဲ ဒါပေမယ့် (ချွင်းချက်အနေနဲ့ တခုပြောချင်တာက  တော့  ဘုရားတရားနဲ့ မိမိ ကိုယ်ကျင့်တရားကို စောင့်ထိန်းတဲ့ သူများမပါ) ။  တကယ်တော့ဘာကိုဖြစ်ဖြစ်  မိမိကိုယ်ကို ကိုယ်အမြဲတန်းဖိုး ထား ပါ ။မာန ရှိပါ မာနဆိုတာ ဘာလဲ သိအောင်ကြိုးစားပါ မရှိသင်တဲ့ မာနရှိသင့် တဲ့ မာန တွေ ကို သိရှိနိုင်အောင်ကြိုးစားပါ  ။ နောက်ဆုံးတချက်က အွန်းလိုင်းကနေ ယောက်ကျားတစ်ယောက်ကို ခင်မယ် ....... အစရှိသည်ဖြင့်ကြိုက်မယ် .........အဲဒီမိန်းကလေးကို အဲဒီယောက်ကျား တကယ်ချစ်တယ် ဆို တာ တစ်ရာပုံ တစ်ပုံ တောင်မသေချာဘူး ...........ဘာလို့ လဲ ဆို တော့ အွန်လို င်းကနေ ခင်တယ်ဆိုတဲ့ ချစ်တယ်ဆို အရာ ဟာာမသိစိတ်ထဲမှာအထင်သေးစရာ ကသေချာနေပါတယ် (ဒါ မှားချင်လဲမှားမယ် ဒါ ကျွန်မ စိတ်အထင်သတ်သတ်ကိုတင်ပြတာပါ)  တကယ်အချစ်စစ်တွေ နဲ့ လဲ လက်ထပ်သွားတာတွေလဲ ရှိသလို မိတ်ဆွေစစ်တွေ လဲ  ရှိပါတယ် ဘယ်လို ပဲဖြစ်ဖြစ် မိမိကိုယ့် ကို ကိုယ်တန်းဖိုးထားတဲ့ မာန လေးတခု ကို နေ၇ာတိုင်းမှာ သတိလေး ကပ် နေပေးဖို့ ကျွန်မ  သတိ ပေးချင် တာ  ကျွန်မ  ချစ်ညီမလေးများ လို ချစ်ရတဲ့ မြန်မာမလေး များ ကို ဒီဘလောခ် လေးနဲ့မာန လက်ဆောင်ပေးလိုက်ပါတယ်ရှင်။                     

                                                         ငြိမ်းမဟော်


Diskussion

Auf 01.01.0001 Sagt:
kominaungmyintoo Auf 29.12.2009 Sagt:

ယောက်ျားလေးတွေရဲ့ နှုတ်ကပြောတဲ့စကားတွေက   တကယ်ရင်ထဲကပြောတာလား နှလုံးသားထဲက ပြောတာလား   ပါးစပ်ဖျားက ပြောတာလား ဆိုတာ  နောက်ပြီး အဲဒီယောက်ျားလေးရဲ့ အဆင့်အတန်း

သူ့ရဲ့ အကျင့်စရိုက်ကို ကြည့်ပြီး မိန်းကလေးတွေက   ဆက်ဆံစေချင်တယ်  

 

 

                                             ကိုမင်းအောင်

 

violent528 Auf 16.12.2009 Sagt:

ဟုတ်တယ်........ဒီလိုပညာပေးလေးတွေ များများရေးပေးပါနော်...။ ကျေးဇူးတင်ပါတယ်...

                           မငြိမ်းမဟော်........ရွှင်လန်းချမ်းမြေ့ပါစေ.....

                                              Razz  VIOLENT(YUKI) Smile

moenge009 Auf 13.12.2009 Sagt:

Razzကျေးဇူးတင်ပါတယ်..

seagull17 Auf 26.11.2009 Sagt:

ပညာပေးလေးပါပဲအမေ၇.။။

ကျေးဇူးပါ.။။

 

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← မျှော်လင့်ခြင်းမျာစွာနဲ့    Zurück zu Blog   ကျပျောက်လို ပြန်ကောက်တွေ့ ရတဲ… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.