လူဘဝ နဲ့  စစ်မှန်သော အချစ် RSS Available

Filtered by tag မြက်ရိတ်သမား

Recent posts in this blog. Search this tag in other blogs.

(no title)

Posted on 01/01/0001 by

Read article   Add Comment

မြက်ရိတ်သမား.....

Posted on 05/01/2010 by violent528
Mood: . Music: လှည့်ကြည့်ပါဦး.
Tags: မြက်ရိတ်သမား

တစ်နေ့ ...ကောင်းလေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ် ဝယ်ရင်းနဲ့ ဖုန်းတစ်ခါလောက်ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကို ခွင့်တောင်းတယ်...။

ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း သို့ သော် တစ်ခေါက်တော့ခေါ်ခွင့်ပြု မည်ဖြစ်ကြောင်းပြန်ပြောပါသည်..။

ဆိုင်ရှင်က ကောင်းလေးဖုန်းပြောသံကို နားထောင်နေတယ်....             ကောငိးလေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ ပြောနေပုံရတယ်... “အဒေါ်ခင်ဗျား...အဒေါ်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကို ပေးပါလားခင်ဗျား...”

 

တစ်ဘက်ကပြန်ပြောတယ်...“တို့ ကတစ်ခြားတစ်ယောက်ကို အလုပ်ခန့်  လိုက်ပါပြီကွယ်...”

“အဒေါ်ရယ်...ကျွန်တော့် အဒေါ်ခြံကို အဒေါ်စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီးရိတ်ပေးပါမယ်...ဈေးကိုလဲ အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..”

တစ်ဘက်ကလည်း ပြန်ဖြေပါတယ်...အခုလက်ရှိ သူ့ ခြံကို ရိတ်ပေးနေတဲ့ သူဟာ သူ့ စိတ်တိုင်းကျ လုပ်ပေးပြီးသားဖြစ်ပါတယ်တဲ့....

ဒီတစ်ခါတော့ ကောင်းလေးက ပိုပြီး ချိုသာအောက်ကျို့ တဲ့လေသံနဲ့       “အဒေါ်ရယ်...ကျွန်တော် အဒေါ်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင် တစ်ခြံလုံးကို လဲ သန့် ရှင်းရေးလဲ လုပ်ပေးပါ့မယ်...လမ်းတွေကိုလဲ သန့် ရှင်းရေးလဲလုပ် ပေးပါ့မယ်...ဒီလိုဆို နောက်တစ်ပတ် တနင်္ဂနွေနေ့ ရောက်ရင် အဒေါ်ခြံဟာ ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့ အလှဆုံးနဲ့ အသန့် ရှင်းအသပ်၊ရပ်ဆုံးခြံ တစ်ခုဖြစ်လာမှာပါ....ကျွန်တော့ ကိုအလုပ်ခန့် ပါအဒေါ်ရယ်...”

တစ်ဘက်ကလဲ အလုပ်မခန့် ကြောင်းပြန်ပြောပါတယ်....

ကောင်းလေးကကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းချလိုက်ပါတယ်.. ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က ကောင်လေးဆီလျှောက်လာပြီး

“ကောင်လေး..ဦးက မင်းရဲ့စိတ်ထားကို သဘောကျတယ်..မင်းရဲ့အကောင်းဆုံးလုပ်ပေးချင် တတ်တဲ့ သဘောထားကို လေးစားတယ်... ဒါကြောင့် ဦးလေး မင်းကို အလုပ်တစ်ခုခု ပေးချင်တယ်....မင်း ဘယ်လိုသဘောရလဲ”

“ကျေးဇူးတင်ပါတယ် ဦးလေးရယ်...ကျွန်တော့ အတွက်အလုပ်မလိုပါဘူး..ကျွန်တော်လုပ်ပေးတဲ့ အလုပ်ကို အလုပ်ရှင်က ကျေနပ်မှုရှိမရှိ ကျွန်တော် ပြန်ဆန်းစစ်ကြည့်တာပါ...ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက ကျွန်တော်အခု အလုပ်လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ...”

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ...ဇာတ်လမ်းလေးဖတ်ပြီးတော့ မဆုံးနိုင်တဲ့ အတွေးတစ်စကို ရလိုက်မိတယ်...ကျွန်မတို့ ကရော ကိုယ်လုပ်နေတဲ့ အလုပ်ကို ဒါပြီးသွားရင် ငါ့ တာဝန်ကျေပြီး...လို့ ဘဲ လွယ်လွယ်ကူကူ သတ်မှတ်လိုက်ကြတယ်...ကိုယ် လုပ်ပေးလိုက်တဲ့ အလုပ်ကို တစ်ဘက်လူက ကျေနပ် နှစ်သက်မှုအပြည့်အဝရှိရဲ့လားဆိုတာ ကိုတော့ မြက်ရိတ်သမားလေးလို ပြန်လည်ဆန်းစစ်ဖို့  ဘယ်သူကမှ သတိရကြပါ့မလား........???????

 

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...................

                               ခင်မင်လျက်..............

                                VIOLENT (YUKI)

 

 

Read article   Discuss [4]

Photos

No Title
0
for you
0
white roses
0
love bird
1

Tags

Latest comments

ရယ်မောပျော်ရွှင်ရသော.....ရယ်စရာအပိုင်းအစများ........
ဘာသာပြန်လေးတွေထက်ရေးပေးပါလားဖက်ချင်လို့ပါ
ဟာသ သီချင်းလေးတွေ ဆိုကြည့်လိုက်ကြရအောင်......နော်
Stella Klinn: ဟားဟား ဟားဟား... သွားမစိအောင်ပဲရီရပါတယ် စိတ်ညစ်တဲ့အချိန်တိုင်းလာဖတ်မရ်နော် ....stella ဟုတ်ကဲ့ပါရှင့်…
ဟာသ သီချင်းလေးတွေ ဆိုကြည့်လိုက်ကြရအောင်......နော်
ဟားဟား ဟားဟား... သွားမစိအောင်ပဲရီရပါတယ် စိတ်ညစ်တဲ့အချိန်တိုင်းလာဖတ်မရ်နော် ....stella
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.