Blog of seagull17 RSS Available

(no title)

Posted on 01/01/0001 by

Read article   Add Comment

ပျော်ရွင်စရာနစ်သစ်ဖြစ်ပါစေ

Posted on 21/12/2009 by seagull17

Merry X'mas and Happy New Year 2010  !!!

To you & your whole family 

               

Dear All

  Wish you in next   year 2010   Good Health Fw  Merry Christmas & Happy Ne5.gif , Good appetiteFw  Merry Christmas & Happy Ne6.gif If you are single , wish you find your lover Fw  Merry Christmas & Happy Ne7.gif, and get married soonFw  Merry Christmas & Happy Ne8.gif ; If you are married, wish you love each other more, Fw  Merry Christmas & Happy Ne9.gif and have a smart little baby  ; If you are a man, wish you more handsome Fw  Merry Christmas & Happy Ne11.gifand stronger Fw  Merry Christmas & Happy Ne12.gif If you are a girl, wish you more beautiful Fw  Merry Christmas & Happy Ne13.gifmore considerately Fw  Merry Christmas & Happy Ne14.gif Wish you happy ! Fw  Merry Christmas & Happy Ne15.gif   Enjoy your life !Fw  Merry Christmas & Happy Ne16.gif And Keep in touch Fw  Merry Christmas & Happy Ne17.gif  

 

Wish you all the best,


  မကြာခင်ကျရောက်တော.မယ် နစ်သစ်မှာပျော်ရွင်ကြပါစေ

 

Read article   Add Comment

အဆင်.အတန်းကိုခွဲခြမ်းစိတ်ဖြာခြင်း

Posted on 10/12/2009 by seagull17

လူသားတယောက်အဖြစ်မွေးဖွားလာပြီးဆိုရင် ဘ၀ပေးအခြေအနေတွေပေါ် မူတည်ပြီးရပ်တည်ချက်တွေကွာခြားကြပါတယ်။ငွေကြေးပြည့်စုံခြင်း၊စာတတ်ခြင်း၊ ငွေကြေးချို့တဲ့ခြင်း၊စာပေအားနဲခြင်းအစရှိတာတွေပါပဲ၊ဒါဆိုရင် ငွေကြေးဓန ပြည့်စုံတဲ့လူကအဆင့် မြင့်တယ်လို့ယူဆပါသလား။ ဒါမှမဟုတ်စာတွေသင်ယူပြီး ဘွဲ့တွေယူ ထားတဲ့သူတွေကိုအဆင့်မြင့်တယ်လို့ယူဆပါသလား၊ ဒါဆိုရင်ကျနော့်အမြင်လေးကိုဆွေးနွေးချင်ပါတယ်။ စာတတ်ခြင်းဟာပညာတတ်ခြင်းမဟုတ်သလို ငွေကြေးပြည့်စုံတဲ့လူဟာလဲ အဆင့်အတန်းမြင့်တာမဟုတ်ပါဘူး။ ကျနော်သိသောအဆင့်အတန်းသည် စာတတ်ခြင်း မတတ်ခြင်း။ ငွေကြေးပြည့်စုံခြင်းမပြည့်စုံခြင်းနဲ့ မပါတ်သက်ပါဘူး။ ကို့ကိုဖွေးဖွားပေးခဲ့တဲ့ မိဘများနဲ့ ပညာတွေသင်ယူနိုင်အောင်လမ်းပြပေးတဲ့ ဆရာသမားတွေအပေါ်မှာမူ တည်တာဖြစ်သလို မွေးရာပါဗီဇပေါ်မှာလည်းမူ တည် ပါတယ်။ ဒါ့အပြင်အရွယ်နဲ့ ကိုက်ညီမည့် လူ့ကျင့်ဝတ်တွေကို လမ်းညွှန်ပြသသော ဘာသာရေးအပြင် ကိုယ်တိုင်လည်း လေ့လာပြီးလက်ခံကျင့်သုံးတတ်မယ်ဆိုရင် -

မြင့်မားတဲ့စိတ်ထားတွေကိုတဖြေးဖြေးနဲ့ပိုင်ဆိုင်တဲ့လူတယောက်ဖြစ်လာမှာမလွဲပါပဲ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ပျော်စရာစိတ်ချမ်းသာစရာလေးတွေ့ရင်ကိုလည်း လိုက်ပြီး ပျော် နေမယ်။ ၀မ်းနည်းစရာများကြုံနေသူကို အားပေးနှစ်သိမ့်မယ်။ ယဉ်ကျေးတဲ့ စကားကိုဆို နိုင်မယ်။သည်းခံခြင်းနဲ့အောင်မြင်မှုကိုရှာတတ်မယ်ဆိုရင် အဆင့်ရှိတဲ့ဘ၀တခုကိုပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။ငွေကြေးလဲပြည့်စုံမယ် စာလည်းတတ်ပြီးဘွဲ့ရထားတဲ့လူတ ယောက်ဟာ တဖက်သားပေါ်မှာမောက်မာစွာဆက်ဆံမယ်၊သနားကြင်နာစိတ်ကင်းမဲ.မယ်၊အောင်မြင်နေသူကို မနာလိုစိတ်ထားမယ်၊ ကိုယ့်ထက်သာတဲ့လူ တွေကိုနည်း ပေါင်း စုံနဲ့တိုက်ခိုက်နေမယ်၊လူ သားဆန်တဲ့ အပြုအမူတွေရဲ့အစွန်း တဖက်မှာ ရောက်နေမယ်ဆိုရင် အဆင့်အတန်းရှိတဲ့လူအဖြစ်သတ်မှတ်နိုင်မလားဆိုတာတော့ -

ငွေကြေးပြည့်စုံမှုစာပေးအားနည်းမှုရှိနေပေမဲ့ လူသားပီသစွာနေထိုင်နိုင်သူကို သာ အဆင့်မြင့်တဲ့ဘ၀ကိုပိုင်ဆိုင်ထားတယ်လို့ ယူဆတယ်ဆိုရင်-ကျနော်တို့ဘယ်လို အပြုအမူတွေနဲ့ဖြတ်သန်းမလဲ၊

လူသားအချင်းချင်းလေးစားတတ်ရမယ်၊ တန်ဘိုးထားတတ်ရမယ်၊ သနားကြင်နာတတ်ရမယ်၊အားပေးနှစ်သိမ့်ပေးတတ်ရမယ်၊ အချိန်ရတိုင်း ယဉ်ကျေးတဲ့စာပေတွေမှာပျော်မွေ့တတ်ရမယ်။ ကိုဖြစ်ချင်တာကိုရယူတဲ့ အခါမှာလည်း ကိုယ့်ကြောင့် အလွှာအသီးသီးမှာရှိနေတဲ့ လူတန်းစားအားလုံးကို မထိခိုက်စေရန်ရှောင်ကျင်တတ်ရမယ်။သည်းခံစိတ်နဲ့အောင်မြင်မှုကိုရှာဖွေနိုင်ရမယ်။ဒါဆိုရင်-..........

လူ့ဘ၀ ကို အဆင့်အတန်းတခုလေးနဲ့ ဖြတ်သန်းကြမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေဟာ ကိုတို့အတွက် အကောင်းဆုံးသင်ခန်းစာတွေပါ။ အမြင်ရလွယ်တဲ့ဥပမာလေးတခုလောက်ပေးပြီးဆွေးနွေးချင်ပါတယ်

လူ့ဘ၀ကိုဖြတ်သန်းတဲ့အခါပရိတ်သတ်ဖြစ်သောပြည်သူတွေကို တင်ဆက်နေတဲ့ အနုပညာသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကွက်တွေလိုပါပဲ အောင်မြင်မှုရဖို့အတွက် ပရိတ်သတ် လက်ခံဖို့အတွက် (စရိုက်)ပုံစံအမျိုးမျိုးနဲ့ သရုပ်ဆောင်နေကြရတာပါ။ကိုယ်ကျိုးစားရင် အောင်မြင်မယ်။ ကိုအောင်မြင်ရင်ပရိတ်သတ်ကလက်ခံမယ် ချစ်လာကြမယ်။ကိုယ်ကိုတိုင်လည်း ကျရာအခန်းကနေ ပရိတ်သတ်ကို ဖျော်ဖြေရတာပါ။ အောင်မြင်မှုရဲ့နောက်မှာ ငွေကြေးဆိုတာလိုက်ပါလာကြတာပါ။ ကိုတို့ဘ၀ကလည်းဒီလိုပါပဲ အသက်အရွယ် ကိုယ့်ဘ၀ ရပ်တည်မှုနဲ့ ကိုက်ညီမည့်အလုပ်တွေကိုလုပ်နေကြရတယ်။လုပ်တဲ့အခါ မှာ ကိုကကျရအခန်းကနေ အကောင်းဆုံးကျိုးစားနိုင်မယ်ဆိုရင်- 
 

ကိုတို့ပတ်ဝန်ကျင်မှာနောက်တခုတွေ့နိုင်တာက ငွေသာလျှင်အရာရာကို ဖန်တီးနိုင်မယ်လို့ယူဆ ပြီး ငွေနောက်ကိုသဲသဲမဲမဲ လိုက်တဲ့သူတွေကို လည်းမြင်နိုင်ပါတယ်။ကုန်ကုန်ပြောရရင် ဘယ်သူသေသေငတေမာရင်ပြီး ရောဆိုတဲ့လူတွေကလည်းကိုတို့အတွက် သင်ခန်းစာယူသင့်တဲ့ လူမျိုးတွေပါ။လွတ်လပ်မှုကို မခံစားဖူးသူဟာ လွတ်လပ်မှုကိုခံစားချင်မယ်၊ ဆင်းဆင်းရဲရဲနဲ့နေလာရသူဟာချမ်းသာတဲ့ ဘ၀နဲ့ နေချင်တာဟာသဘာဝ ကြပေမဲ့ ဖြစ်ချင်တဲ့စိတ်ကတော့ အဆင့်အတန်းလိုက် ကွာခြားတတ်ကြပါတယ်။

ငွေရရင်ပြီးရော၊ငွေသာလျှင်အရာရာကိုအောင်နိုင်ရာဖြစ်တယ်ဆိုတဲ့လူတွေရဲ့အဆင့်နဲ့ မွန်မြတ်တဲ့စိတ်နဲ့ အောင်မြင်အောင်ကျိုးစားတဲ့လူတွေရဲ့အဆင့်ဟာ ဘယ်လောက်ကွာခြားတယ်ဆိုတာကိုနှိုင်းယှဉ်ကြည့်ပါ။

ကျနော်တို့မှာရှိနေတဲ့ ခေတ်နဲ့ညီတဲ့ အသိတွေ၊ အတွေးအခေါ်တွေ၊ ရပ်တည်ချက်တွေဟာ ကျနော်တို့ရဲ့ အားသာချက်တွေပဲ။ လိမ်လည်မှုတွေပြည့်နက်နေတဲ့ ခေတ်ကြီးမှာ ကိုယ့်ရဲ့ရိုးသားတဲ့ စိတ်ကို အသုံးချမည့်သူတွေကိုလည်းသတိထားရမယ်၊ ပတ်ဝန်းကျင်နှောက်ယှက်မှုဒါဏ်၊ ပညာမဲ့သူတွေရဲ့ဒါဏ်ကို မြင့်မြတ်တဲ့စိတ်နဲ့ တွန်းလှန်ပြီးအနိုင်ယူနိုင်ရမယ်၊                                                                             ကိုယ့်မိဘ အသိုင်းအ၀ိုင်း၊ ဘာသာတရား၊ဆရာသမားတွေကိုငဲ့ကွက်ပြီး ကိုယ့်ရဲ့အဆင့်အတန်းဟာဘယ်အဆင့်မှာရှိတယ်ဆိုတာရဲ့ရဲ့ဝံ့ဝံ့ပြသရဲမယ်ဆိုရင်- 

 

Read article   Add Comment

ပန်းတိုင်သို.လျောက်ရာဝယ်

Posted on 03/12/2009 by seagull17

ကြိုးစားမှုဟာ အောင်မြင်မှုတွေရတတ်သလိုအောင်မြင်မှုတခုရရှိဖို့ကြိုးစားတဲ့အခါ ဇွဲ၊လုံ့လ၊ ၀ိရိယ တွေအပြင် ကိုယ့်ရဲ့ရည်မှန်းချက်ကိုရောက်ရှိအောင် ကြိုတင်ပြင်ဆင်ရပါမယ်။လျှေက်လှမ်းနေရင်းနဲ့ ရည်မှန်းချက်မရောက်ခင် မှာ ကျဆုံးလုနီးပါး စိတ်ပျက်စရာကောင်းလှတဲ့အခက်အခဲတွေနဲ့လည်းရင်ဆိုင်ရတတ်ပါတယ်။ကြိုတင်ပြင်ဆင်ထားတာနဲ့ကိုရောက်ရှိနေတဲ့ ပတ်ဝန်းကျင် အခြေအနေဟာလည်းကိုက်ညီမှုမရှိဖြစ်တတ်ပါတယ်။ဒီအချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေ၊မျော်လင့်ထားတာတွေပျက်ပြယ်သွားပြီးစိတ်ဓာတ်ခွန်အားကလွဲလို့ ဘာဆိုဘာမှမကျန်တော့တဲ့အခါမှာ (ဆိုးရွားလှတဲ့ကံကြမ္မာရယ်လို့ငြီုးညူမနေပဲအားလုံးကိုအသစ်ကပြန်စနိုင်မယ်ဆို၇င်) ဆိုတဲ့ ကမ္ဘာကျော် ကဗျာတပုဒ်ထဲက ကိုယ့်အတွက်ခွန်အားဖြစ်စေမည့်စာကြောင်းလေးကိုလက်ဆုပ်လက်ကိုင်ထားခြင်းဟာ ကျနော်တို့လို စိတ်ဓာတ်ခွန်အားကို တန်ဘိုးကြီးမားစွာအသုံးပြုနေသူတွေအတွက်ခွန်အားဖြစ်စေပါတယ်။ရည်မှန်းချက်ပန်း တိုင်ကိုလျှောက်လှမ်းနေစဉ်မှာ များစွာသောအမှားတွေလုပ်မိတဲ့အခါ အမှားထဲက သင်ခန်းစာတွေယူတတ်ဖို့လိုပါတယ်။ကိုယ့်ရဲ့တနေ့တာလုပ်ငန်းတွေပြီးစီးသွားတိုင်း ပြန်လည်သုံးသပ်ဖို့လည်းမမေ့အပ်ပါဘူး။တပြိုင်နက်ထဲ မှာ ရောက်ရှိနေတဲ့အခြေအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်း နှိုင်းဆကြည့်နိုင်ပါတယ်။ကြီးမားတဲ့အောင်မြင်မှုကိုရချင်တယ်ဆို၇င် ကြီးမားတဲ့အန္တရာယ်တွေနဲ့လည်း ဆုံတွေ့ရမှာမလွဲပါဘူး။ဒီလိုတွေးမိတိုင်း ဘ၀ရဲ့စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်လာခဲ့ပါတယ်။ အဖက်ဖက်ကအားနည်းပြီးလိုအပ်ချက်တွေများနေတဲ့ကျနော်ဟာကိုယ်ဖြတ်သန်းခဲ့တဲ့ကာလတွေက အဆိုးရွားဆုံးအဖြစ်အပျက်တွေကိုပြန်လည်ရယူပြီး ကိုယ့်ကိုကိုယ်အားပေးနှစ်သိမ့်ပေးခဲ့ရပါ တယ်။ဒီလိုနဲ့ဖြတ်သန်းရင်း ယုံကြည့်မှုတွေပိုမိုရလာခဲ့ပါတယ်။ကိုယ့်ကိုကိုယ်ယုံကြည့်မှုဟာအဆိုးဆုံးအခြေအနေတွေကိုမကြောက်ပဲအဆိုးဆုံးတွေနဲ့ကြုံလာတဲ့အခါမှာ ရယ်စရာကောင်းလှတဲ့ဟာသတပုဒ်ကိုဖတ်ရသလို ခံယူနိုင်ဖို့အတွက်စီမံကိန်းဆိုတာကိုသတိယလိုက်မိပါတယ်။ စီမံကိန်းဆိုတာ တိုင်းပြည်တပြည်မှာဖြစ်ဖြစ် လူတယောက်မှာဖြစ်ဖြစ်ရှိသင့်ရှိထိုက်တဲ့အရာတခုပါ။ ဘာကြောင့်လဲဆိုရင် စီမံကိန်းထားခြင်းဖြင့်ရလာမည့်ရလဒ်တွေဟာတန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရလာတတ်ပါတယ်။လိုအပ်သလိုပြုပြင်ပြောင်းလဲလာနိုင်မယ်။သဘာဝကပေးလာမည့်အန္တရာယ်ကိုလည်းကြိုတင်ပြင်ဆင်တတ်လာမယ်။ ရှေ့ဆက်ပြီးဘာတွေလုပ်ဖို့လိုအပ်မယ်။ဘယ်လိုလုပ်မယ်ဆိုတာတွေဟာအရေးကြီးလာပါပြီးတခုသတိထား၇မှာက ထင်သလိုအခက်အခဲမရှိပဲတစုံတရာအောင်မြင်တာဟာကိုယ့်ရဲ့ရည်မှန်းချက်ကိုရောက်သေးတာမဟုတ်ဘူးဆိုတာ ကိုတော့သတိထားရပါမယ်။ကိုရရှိခံစားနေရတဲ့ အခြေအနေလေးကိုပဲ ကျေနပ်နေမယ်ဆိုရင်တော့ ပျက်စီးခြင်းလမ်းပေါ်ကို ကိုယ်ကိုတိုင်တက်လျှောက်နေမိပြီးဆိုတာကိုမမေ့သင့်ပါဘူး။ဒီအခြေအနေတွေပေါ်မူတည်ပြီး အဖက်ဖက်ကပြည့်စုံတဲ့စီမံကိန်းတခုရရှိဖို့အတွက် လိုအပ်တဲ့သတင်းအချက်အလက်၊နည်းပညာ၊ကျန်းမာရေး၊စသည်များလိုအပ်လာပါပြီ၊ဒါ့အပြင်ပတ်ပန်းကျင်နဲ့ကိုက်ညီမှုရှိမရှိကိုလည်းထည့်တွက်တတ်ရပါတယ်။ဒါဆို၇င် တော့ပြီးပြည့်စုံတဲ့စီမံကိန်းတခုမဟုတ်ရင်တောင် ကိုရည်မှန်းတဲ့ပန်းတိုင်ကို လျှောက်တဲ့အခါ တစုံတရာပြည့်စုံပြီလို့ယူဆပါတယ်။အချိန်ကိုတန်းဘိုးထားပြီးအစစအရာရာ သတိနဲ့ရည်မှန်းချက်ပန်းတိုင်ကို ရည်ရွယ်ချက်အပြည့်နဲ့ လျှောက်လှမ်းနေသူဟာ ကာလအပိုင်းအခြားနဲ့ ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်ရမယ်။ လုပ်ဆောင်ချက်တိုင်းကိုမှတ်တမ်းထားမယ်။ ဘယ်အခြေအနေရောက်နေပြီးလဲဆိုတာကိုအမြဲသုံးသပ်နေမယ်။ေ၇ာက်နေတဲ့အခြေအနေ လေးမှာကျေနပ်မနေပဲအမြဲကြိုးစားနေမယ်ဆိုရင်ဘ၀ရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့(သို့)တန်ပြန်စိန်ခေါ်ရဲမယ်ဆိုရင်ဖြင့်- မွန်လေးအတွက်ရည်ရွယ်ပါသည်။

 

မှတ်ချက်. .........ယခုရေးသားထားသော ပို.စ်မှာ ကျွန်တော်.ချစ်ရသောကျွန်တော်.

                     ချစ်သူမွန်လေးအတွက်ဘ၀ခရီးလမ်းကိုလျှောက်လှမ်းရာတွင်

                     အကောင်းမွန်ဆုံးစိတ်ဓာတ်ခွန်အားရစေရန် ရည်ရွယ်ရှ်ရေးသားလိုက်

                    ခြင်းဖြစ် သည် . ..........

 

                            

                    

Read article   Add Comment

ကျွန်မကိုပျော်ရွင်စေသောအရာများးးးးးး

Posted on 22/11/2009 by seagull17

ပျော်ပျော်နေသေခဲဆိုတဲ.အတိုင်းပျော်ပျော်နေတတ်ပါတယ်။။။စိတ်ညစ်လွန်းတဲ.အ ချိန်ကလွဲ
လို.ပေါ.။။ပျော်၇ွင်ခြင်းကိုနစ်သက်သလိုကျွန်မချစ်တဲ.လူတိုင်းကိုလဲုလဲပျော်စေချင်တယ်။။။
ပျော်ရွင်ခြင်းကိုနစ်သက်ပေမယ်.အပျော်အပါးကိုတော.မမက်ပါဘူး။။ အပျော်အပါးကိုတော.ဘယ်တော.မှမ၇ှာပါဘူး။။ကျွန်မကိုပျော်၇ွင်စေတဲ.အရာများကတော.

မိဘနစ်ပါး
ကျွန်မရဲ.ပျော်ရွင်မှူအစစ်ပါပဲ..။။ကျွန်မလဲနေရင်ထူပေးတယ်.အောင်မြင်နေရင်ဒီထက်မကအောင်မြင်အောင်အားပေးတ.ယ်.။။
ကျွန်မကိုဖေဖေနဲ.မေမေကအလိုလိုက်ပေမယ်.ပညာရေး.နဲ.ပတ်
သက်ရင်တော.ဘယ်တော.မှအလိုမလိုက်ပါဘူ.းး။ဖေဖေရဲ.စည်းကမ်းအောက်
မှာနေရတဲ.ကျွန်မအတွက်တခါတလေစည်းကမ်းတွေများလွန်းတယ်လို.
ခံစားမိပါတယ်.။ဒါပေမယ်.လဲမိဘတယောက်ရဲ.စေတနာပဲလေဆိုပြီး
လိုက်နာနေထိုင်ရတယ်။။ကျွန်မမေမေကတော.ပျော်ပျော်နေတတ်သူပါပဲ.
ကျွန်မကိုပျော်ရွင်မှူအစစ်ပေးနိင်တဲ.ကျွန်မမေမေနဲ.ဖေဖေကိုကျွန်မအရမ်း
ချစ်တယ်။။

ဘာသာရေး

ဘာသာရေးကတော.လူတယောက်ရဲ.ကိုယ်ကျင်.တရားကို
ကောင်းအောင်ပြုပြင်ပေးနိင်တယ်လို.ကျွန်မထင်တယ်။။
ကျွန်မတို.မြတ်ဗုဒ္ဓရဲ.အဆုံးအမ ကကျွန်မကိုတော်တော်လေး
လမ်းပြနိင်ပါတယ်။။ဘုရားအဆုံးအမနဲ.အညီနေထိုင်တဲ.ကျွန်မ
အတွက်ဘုရားမကြိုက်တာကိုကျွန်မအတတ်နိင်ဆုံးရှောင်ရှားပါတယ်
ကျွန်မစိတ်ညစ်နေချိန်ဆိုရင်တောင်ဘုရားဝတ်ပြုလိုက်တာနဲ.
ကျွန်မရင်ထဲကိုငြိမ်းအေးစေပါတယ်။ဘာသားရေးကလူမျိုး
အတွက်အလွန်အရေးပါပါတယ်.ဘာသာရေးကြောင်.လူသားတွေ
အကုန်ယဉ်ကျေးနေတာကိုပဲလိုလားမိတယ်။

ပညာရေး

ကျွန်မကိုပျော်ရွင်မှူပေးနိင်တဲ.အထဲမှာကျွန်မရဲ.ပညာရေးကတော.
မရှိမဖြစ်ပေါ.။ဝါသနာအရကော၇ည်မှန်းချက်အရကော
ကျွန်မရွေးချယ်လိုက်တဲ.ကျွန်မရဲ.ဆေးပညာဟာကျွန်မအတွက်
အားအင်တခုပဲ။။ပညာလိုအိုသည်မ၇ှိဆိုတဲ. အတိုင်းကျွန်မ
လျောက်လှမ်းနေတဲ.ပညာရေးကတော.ကျွန်မမသေဆုံးခင်အချိန်
ထိလေ.လာနေရမှာပါ..ဆေးပညာကိုပျော်၇ွင်စွာသင်ယူရင်း
ပျော်ရွင်စွာနဲ.ပဲလူသားတွေရဲ.ပျော်၇ွင်မှူဖြစ်တဲ.ကျန်းမာရေး
ကိုကျွန်မကောင်းမွန်စွာဆောင်ရွက်ပေးချင်တယ်

အောင်မြင်မှူ..............

အောင်မြင်မှုဆိုတဲ.အရာတိုင်းကိုလူတိုင်းမက်မောလိုချင်ကြပါတယ်
ကျွန်မလဲအောင်မြင်မှုတွေကြုံတွေ.ချိန်ဆိုအရမ်းပျော်ပါတယ်
ကျောင်းသူအရွယ်ဖြစ်တဲ.ကျွန်မအတွက်တော..စာမေးပွဲအောင်
စာရင်းထွက်ချိန်ဟာကျွန်မရဲ.အောင်မြင်မှူပါပဲ.။။အောင်စာ၇င်း
ထဲမှာကိုယ်.နံမည်ကိုဘာသာစုံစုံလင်လင်နဲ.အောင်တာ
မြင်ရင်ပြောမပြတတ်အောင်အရမ်းပျော်ပါတယ်
အောင်မြင်မှူဟာချိုမြန်ပေမယ်.ချိုမြိန်မှုရဲ.နောက်မှာချွေးတွေအချိန်
တွေအများကြီးရင်းရတယ်ဆိုတာတော.နားလည်ထားပါတယ်

အချစ်......................
ကျွန်မအတွက်အချစ်ကအရေးကြီးပါတယ်.အထူးသဖြင်.အချစ်
ကိုအလေးပေးတဲ.ကျွန်မအတွက်အချစ်ကပျော်၇ွင်မှူဝမ်းနည်းမှူ
လွမ်းဆွတ်မှုတွေအကုန်လုံးကိုပေးစွမ်းနိင်ပါတယ်။။
တချိန်ကအတိတ်မှာ မလှပခဲ.တဲ.အချစ်နေ.စွဲလေးတွေ၇ှိခဲ.ပေမယ်.ယခုလက်ရှိအချိန်
မှာကျွန်မအရမ်းပျော်၇ွင်ရပါတယ်.။။ကျွန်မချစ်သူကကျွန်မအတွက်
တော.လမ်းပြနိင်တဲ.လူကောင်းတယောက်ပါပဲ.။။သူကြောင်.ကျွန်မ
ပျော်ရတယ်.လွမ်းရတယ်။.စိတ်ဆင်းရဲစရာတော.မရှိခဲ.ပါဘူး။
စိတ်မကောင်းစရာလေးတွေပဲတခါခါကြုံတွေ.ရတယ်
အခိုက်တန်.လေးတခုမှာသူနဲ.ကျွန်မနဲ.ခဏတာနေရာတွေဝေးနေ
ပေမယ်.အချိန်တွေကိုကျွန်မတို.ပျော်၇ွှုင်စွာနဲ.ကျော်ဖြတ်နိင်မှာပါ။ကျွန်မ

ချစ်သူကိုထွေးကကျွန်မအတွက်ပျော်ရွင်စရာတွေသယ်ပေးနိင်တဲ.

ကျွန်မချစ်သူဆိုရင်လဲဟုတ်တယ်.ကျွန်မအတွက်မိတ်ဆွေစစ်ဆိုလဲ

မမှားသလို.လမ်းပြပေးနိင်တဲ.အချစ်ရဆုံးသူတယောက်ပါ။



ကျန်းမာရေးးးးးးး

ကျန်းမာခြင်းသည်လာဘ်တပါးလို.ဆိုရမှာပဲနော်..။မကျန်းမာတဲ.
လူတယောက်ဟာစိတ်ကိုပျော်အောင်လုပ်ဖို.တော်တော်လေးခဲယဉ်း
လှပါတယ်။။ကျွန်မအတွက်တော.နေမကောင်းဖြစ်ရင်
စိတ်အလိုမကျတာတွေဖြစ်လေ.ရှိတယ်
ကျန်းမာနေမှကျွန်မပျော်နိင်မှာပါ.ကျွန်မချစ်တဲ.လူတွေကိုလဲ
ပျော်၇ွင်တဲ.ကျန်းမာရေးမျိုးကိုပိုင်ဆိုင်စေချင်တယ်
လူတိုင်းကိုကျန်းမာစေချင်တယ်မသေခင်အခိုက်အတန်.လေးအတွင်းမှာ
စိတ်ချမ်းသာကိုယ်ကျန်းမာစေချင်တယ်။

အေးချမ်းမှူ

အေးချမ်းအောင်အမြဲကျွန်မစိတ်ကိုကြိုးစား
ထားပါတယ်.။အေးချမ်းပြီးသူတပါးအပေါ်
မကောင်းကြံချင်စိတ်မရှိတဲ.ကျွန်မစိတ်ထား
ကြောင်.ကျွန်မပျော်၇ွင်စွာကျွန်မဘ၀ကိုဖြတ်သန်းရ
ပါတယ်.။။
အလုပ်

အလုပ်မရှိတဲ.လူဟာ လူပျင်းလူညံလို.ပဲကျွန်မတော.ထင်တယ်။။။
လုပ်တဲ.အလုပ်ပေါ်မှာလည်းအကောင်းဆုံး
လုပ်ဆောင်ရမယ်လို.ကျွန်မခံယူထားတယ်
ကျွန်မအတွက်တော.ကျွန်မပညာရေးနဲ.အလုပ်
ကဆက်စပ်နေတယ်လို.ပဲပြောရမယ်.။.။ကျွန်မ
ပညာရေးမှာထုးချွန်မှအလုပ်မှာပါအတော်ဆုံး
အကောင်းဆုံးးအောင်မြင်မှူတွေ၇မှာပါ....
လုပ်ငန်းခွင်ကိုတခါမှမ၀င်ရသေးတဲ.ကျွန်မအတွက်
တော.ကျွန်မရဲ.လျောက်လှမ်းရမယ်.အနာဂတ်
အတွက်အရမ်းတက်ကြွပျော်ရွင်နေပါတယ်
ဘယ်လောက်ပဲစိတ်ရှူပ်စရာတွေ.တွေ.ကျွန်မ
အလုပ်ကကျွန်မကိုပျော်ရွင်မှူအနာဂတ်တွေပေး
နိင်မှာပါ..။..

ဆရာသမားကောင်းများ

ကျွန်မအတွက်တော.ဆရာသမားကောင်းများက
လဲကျွန်မကိုပျော်ရွင်စေတဲ.အစိတ်အပိုင်းတခုမှာ
ပါပါတယ်.ကောင်းတဲ.အကျင်.ပဲပြောရမလာ.း
ဖျောက်လို.မရတဲ.အကျင်.ဆိုးပဲပြောရမလား
တော.မသိဘူး.လူပုဂ္ဂိုလ်အစွဲကြီးတဲ.ကျွန်မအတွက်
တော.ကျွန်မချစ်ခင်လေးစားအထင်ကြီးရတဲ
ဆရာသမားတွေစကားဆိုကျွန်မနားထောင်လေ.
၇ှိတယ်.။ကျွန်မချစ်တဲ.ဆရာသမားတွေရဲ.
ဆုံးမစကားတွေကိုပျော်၇ွင်စွာနားထောင်
လေ.၇ှိတဲ.ကျွန်မအတွက်ဆရာသမားတွေက
ပျော်ရွင်အောင်စိတ်ကိုဖန်တီးပေးနိင်ပါတယ်။


မိတ်ဆွေအပေါင်းအသင်းများ

မိတ်ဆွေမရှိပဲနဲ.တော.ကျွန်မတယောက်တည်း
ဘယ် လိုမှနေလို.မရပါဘူး.။.။ကျွန်မစိတ်ညစ်နေရင်
သူတို.ကမျှဝေပေးတယ်.ကျွန်မပျော်၇ွင်နေရင်
သုတို.ကစိတ်ရွင်လန်းကြပေးတယ်.။
အေးတူပုမျှသူငယ်ချင်းမျိုးတွေပါပဲ..။.ဒါပေမယ်.
ကျွန်မမှာခင်မင်ရတဲ.မိတ်ဆွေတွေ၇ှိပေမယ်.
ကျွန်မနဲ.စိတ်တုကိုယ်တူသူငယ်ချင်းမျိုးကတော.
လက်ချိုးေ၇လို.ရနိင်လောက်အောင်မိတ်ဆွေစစ်တော.
ကျွန်မမှာအလွန်နည်းပါးနေသေးတယ်။။

စိန်ခေါ်မှူ

စိန်ခေါ်မှူကတော.ကျွန်မအတွက်ဘယ်သောအခါ
မှမပူလောင်စေတဲ.အရာပါပဲ..။ကျွန်မကိုစိန်ခေါ်
တဲ.လူ၇ှိလာရင်ကျွန်မရိုးရိုးသားသားနဲ.ယှဉ်ပြိုင်
လေ.ရှိတယ်.သူကျရုံးသွားပါစေဆိုတဲ.စိတ်မရှိ
ပဲကျွန်မလဲမကျရုံးစေရဘူးဆိုတဲ.ခံယူချက်နဲ.
ကျွန်မကြိုးစားလေ.ရှိတယ်.စိန်ခေါ်မှုကလဲ
ကျွန်မအတွက်ပျော်၇ွှုင်စရာရင်ခုန်မှုတခုပါပဲ.

အင်တာနက်

နည်းပညာခေတ်ဖြစ်တဲ.ဒီခေတ်မှာအင်တာနက်
မှကောင်းကောင်းမသုံးတတ်ရင်ခေတ်နောက်ကျ
တဲ.လူဖြစ်သွားမှာပေါ.။။နည်းပညာတွေကိုစု
ဆောင်းရှာဖွေ၇င်း။သူငယ်ချင်းကောင်းတွေ
လိုက်၇ှာဖွေ၇င်းနဲ.ကျွန်မအင်တာနက်ကိုသုံးရတာ
ပျော်၇ွင်စေပါတယ်။။။လူအကြောင်းပေါင်းမှသိဆိုသလို
လူတယောက်စိတ်နေစိတ်ထားကိုသူ.ပြောတဲ.
စကားတိုင်းအပေါ်မှာလိုက်လံရှာဖွေလို.ရပါတယ်
အင်တာနက်ကနေမိတ်ဆွေကောင်းတွေ၇ှိနိင်ပါတယ်
ကျွန်မအတွက်တော.လိုင်းပေါ်ကမိတ်ဆွေကောင်း
တယောက်ကတော. မငြိမ်းမဟော်ပေါ.။ကျွန်မစိတ်ညစ်နေတုန်းက
မငြိမ်းမဟော်ကကျွန်မကိုစိတ်သက်သာအောင်
ကူညီပေးခဲ.ဘူးတယ်..။ကျွန်မအတွက်တော.
မငြိမ်းမဟော်ကအမအရင်းတယောက်လိုပါပဲ..
ဒါပေမယ်.အင်တာနက်သူံးရတာစိတ်ညစ်စရာက
အဝေးရောက်နေတဲ.ကျွန်မချစ်သူနဲ.တွေ.တဲ.
အခါ လိုင်းမကောင်းတဲ.ပြသာနာပါပဲ။။။။။။

နာ.လိုမကြီးငြိမ်းမဟော်ရေ ညီမလေးတာဝန်ကျေပြီနော်။

 

 

                                      မွန်လေး  

Read article   Add Comment

စစ်မှန်သောအချစ်

Posted on 06/11/2009 by seagull17

ကိုချစ်တဲ.လူဟာအမြဲချောနေအမြဲကောင်း

နေမှချစ်တဲ.အချစ်ဟာမစစ်မှန်ပါဘူး.။

လူတယောက်ကိုတကယ်ချစ်တယ်ဆိုရင်

ထိုလူနဲ.ပတ်သက်တဲ.အဆိုးအကောင်းမှန်

သမျှကိုပိုင်ဆိုင်လက်ခံရဲ၇မယ်။မိမိချစ်သူ

ဆီကအကောင်းတွေအကုန်ရခဲ.ပြီးမိမိ

ချစ်သူဆီကအဆိုးတွေပိုင်ဆိုင်ရတော.

မည်ဆိုရှောင်ပြေးတိမ်းရှောင်တတ်ကြသည်။

စစ်မှန်သောအချစ်စစ်မှာထိုကဲ.သို.မဟုတ်

ဟုကျွန်မထင်သည်.။အကောင်းအဆိုး

အေးတူပူုမျှအတူမျှဝေသင်.သည်.။။

လက်တွဲဖော်အဖြစ်ေ၇ွးချယ်ထားသော

ချစ်သူအနားတွင်အမြဲရပ်တည်ပေးသင်.

သည်.။။လောကတွင်အကောင်းချည်းပဲ

အမြဲမရနိင်.ဒွန်တွဲနေသည်မှာလူသဘာဝ

ပင်ဖြစ်သည်။မိမိလက်တွဲဖော်လိုအပ်နေ

ချိန်တွင်အမြဲမားမားမတ်မတ်ရပ်တည်ပေး

နိင်ရမည်.။ဟန်ဆောင်အတုယောင်တွေနဲ.

မချစ်သင်.မဆက်ဆံသင်.ပေ။

စစ်မှန်သောအချစ်များဖြင်.မိမိချစ်သူလက်

တွဲဖော်ကိုဆက်ဆံနိင်ရမည်.။။

ပျော်ရွင်ခြင်းကိုအတူခံစားပြီး

ဝမ်းနည်းမှူတွေကိုလဲအတူရပ်တည်

နိင်ရမည်..။

 

စစ်မှန်သောအချစ်များဖြင်.ချစ်ခင်

လက်တွဲနိင်ကြပါစေ။။။။။။။။


ု



Read article   Add Comment

မပြောင်းလဲသောအချစ်

Posted on 06/11/2009 by seagull17

ပန်းဆိုတာအချိန်တန်ရင်ညှိုးသွားပေမယ်.

ကို.ကိုချစ်တဲ.အချစ်မှာဘယ်တော.မှမညှိုးသွားပါ.

ရာသီစက်ဝန်းကအချိန်မှန်လည်ပတ်ပြောင်းလဲပေမယ်.

ကျွန်မကို.ကိုချစ်တဲ.အချစ်ကဘယ်တော.မှမပြောင်းလဲပါ

မနေ.ကနဲ.ဒီနေ.။ဒီနေ.နဲ.မနက်ဖြန်မတူပေမယ်.

ကျွန်မကို.ကိုချစ်တဲ.အချစ်က တူနေဆဲပါ..................

သေဆုံးသွားသည်.တိုင်အောင်

ကျွန်မအချစ်တွေကအမြဲရှင်သန်နေမှာပါ............

ချစ်သောကိုထွေးအတွက်အမှတ်တရ...................



Read article   Add Comment

အချိန် တွေသာဖန်းတီးလို.ရမယ်ဆိုရင်

Posted on 25/10/2009 by seagull17

လူ.ဘ၀ဟာအရမ်းတိုတောင်းတယ်..။ကျွန်မတို.အဲ.ဒီအချိန်တိုလေးတွင်းမှာဘာလုပ်ကြမှာလဲ..။အမြဲတိုင်း

အရာရာပြည်.စုံနေတဲ.လူတယောက်ဖြစ်ဘို.ဆိုတာတော.ဘုရားမှတပါးမ၇ှိနိင်ပါဘူးး

အဲ.လိုတိုတောင်းတဲ.အချိန်မှာကျွန်မတို.ပျော်၇ွင်မှူအတွက်အပင်ပန်းခံကြမှာလား

 မိသားစုအတွက်အချိန်ပေးကြမှာလား

ဒါမှမဟုတ်ကိုယ်.ဘ၀အတွက်လက်တွဲဖော်နဲ.နစ်ယောက်အတုတည်ဆောက်မှာလား။

အချိန်တွေကတရွေ.ရွေ.နဲ.တိုက်စားနေဆဲပဲ..

အမြဲတမ်းကောကျွန်မတို.ကျန်းမာနေမှာလား။

တခုလိုချင်ရင်တခုကိုပေးဆပ်ရမှာပဲ.နစ်ခုံလုံးတပြိုင်တည်းရဘို.ဆိုတာဖြစ်နိင်ဘို.ခက်ခဲလွန်းတယ်

ကျွန်မစာကိုဖတ်မိတဲ.မိတ်ဆွေတွေကော .တခုပဲေ၇ွးချယ်ခွင်.ရှိမယ်ဆိုရင်

ဥပမာ. ရှင်.တို.ချစ်သူကအဝေးတနေရာမှာ.သူမှာတယောက်တည်းဖြစ်နေတယ်. .းသူနေမကောင်း

ဖြစ်နေချိန်ကျရင်ရှင်ဘာလုပ်ပေးနိင်မှာလဲ.သူဆေးသောက်ဘို.တောင်ရှင်မလုပ်ပေးနိင်တဲ.အချိန်မျိုးမှာ

ရှင်ဘာလုပ်ပေးချင်လဲ..အဲ.လိုအချိန်ကျရင်သူနဲ.မြန်မြန်နီးအောင်သင်.မိဘတွေနဲ.သင်ဆွေးနွေးကြည်.မှာလား

သင်ဘာလုပ်မှာလဲ.သင်နစ်ခုထဲကတခုထဲကိုပဲရွေးခွင်.၇ှိလိမ်.မယ်

အဲ.လိုမျိုးအချိန်တွေမှာရှင်ဘာလုပ်ချင်လဲ.

ကျွန်မကတော.အဲ.နေရမှာဆိုရင်

ကျွန်မစိတ်ကြိုက်အချိန်တွေသာဖန်းတီးလို.ရမယ်ဆိုရင်......................................

အရာရာဟာကျွန်မသဘောပဲဖြစ်မယ်ဆိုရင်......................................

Read article   Add Comment

ဆုတောင်းတိုင်းသာပြည်.မယ်ဆိုရင်

Posted on 23/10/2009 by seagull17

့ကြယ်တွေကြွေတာကိုမြင်ချိန်မှာ

  ဆုတောင်းသာပြည်.မယ်ဆိုရင်

    ချစ်သောကို နေကောင်းနေဘို.ဆုတောင်းပေးချင်တယ်

 ဘုရားသခင်ရှေ.မှာဆုတခုတောင်းရင်ပြည်.မယ်ဆိုရင်

    ချစ်သောကိုနေကောင်းနေဘို.ဆုတောင်းပေးချင်တယ်

ဆုတောင်းပြည်.တဲ.ဘုရားေ၇ှ.မှာဆုတောင်းသာပြည်.မယ်ဆိုရင်

    ချစ်သောကိုနေကောင်းနေဘို.ဆုတောင်းပေးချင်တယ်

                          ချစ်သောကို.ကိုဘုရားသခင်ကောင်းချီးပေးပါစေ

Read article   Add Comment

ဘေးစကား

Posted on 20/10/2009 by seagull17

ဘေးစကားဆိုသည်မှာ လူနစ်ယောက်ကြား.အဖွဲ.တဖွဲ.ကြားတွင်ကုန်းတိုက်ပေးသောစကားမျိုးဖြစ်သည်း.

မှန်သောဘေးစကားများပြောသူကိုအပြစ်တင်စရာမလိုပေ။သို.သော်မဟုတ်မမှန်တာများကိုပြောပါက ထိုစကားကြောင်.သက်ဆိုင်ပတ်သက်သူနစ်ဦးတွင် ပြသနာအကြီးအကျယ်များနိင်သည်..မည်မျှပင်ချစ်ကြသောလူနစ်ဦးပင်ဖြစ်စေကာမှူ ဘေးစကားတွေကြောင်.ခဏတာအတွင်းတည်ဆောက်ထားသောယုံကြည်မှူတွေပြိုကွဲနိင်သည်...

ဘေးစကားဆိုသောစကားလုံးမှာစုစုပေါင်းစကားလုံးအရေအတွက်သုံးလုူံးပင်ရှိသော်လည်းထိုစကားကြောင်.

ပြင်မရနိင်သောနောင်တများရတတ်သည်...။။ထိုသို.ပြောတတ်သောမဟုတ်မမှန်သည်များကိုပြောသည်.လူမျိုးများ

များလည်းစိတ်ပျက်ဖွယ်ကောင်းလှသောလူတန်းစားမျိုးဖြစ်သည်..။

ထို.ကြောင်.ဘေးစကားတိုင်းကိုမယုံပဲမိမိချစ်သောသူမိမိနဲ.ပတ်သက်သောသူများ  ဧ၊် စိတ်နေစိတ်ထားအလေ.အကျင်.ကို နားလည်သင်.သည်..

ထိုလုတွေပြောသောစကားများဖြစ်နိင်သည်မြ့ဖစ်နိင်သည်ကို

ဆင်ခြင်သင်.သည်..

ဘေးလူပြောသောစကားဖြင်.သင်.ချစ်သူကိုအထင်လွဲနေလျှင် သင်.နောင်တအကြီးအကျယ်ရသွားလိမ်.မည်..

ps. မဟုတ်မမှန်သောဘေးစကားများပြောတတ်သော လူများအခြောက်မနဲ.ရပါစေ

Read article   Add Comment

Photos

No Title
0
Lock and k…
0
my love
0
လွမ်းတယ်
0

Tags

Latest comments

IF ................အကယ်ရှ်
بسم الله الرحمن الرحيم Allah, CREATED THE UNIVERSE FROM NOTHING ___________________________________________ …
IF ................အကယ်ရှ်
THE COLLAPSE OF THE THEORY OF EVOLUTION IN 20 QUESTIONS http://newaninvitationtothetruth.blogspot.com/ ((( Acquainted With I…
အများကခေါ်လေ.ရှိသောဒေါင်းကလေး(Down Syndrome)
THE COLLAPSE OF THE THEORY OF EVOLUTION IN 20 QUESTIONS http://newaninvitationtothetruth.blogspot.com/ ((( Acquainted With I…
IF ................အကယ်ရှ်
အရမ်းကောင်းတယ်ဗျို့....အားအင်တစ်ခုရလိုက်သလိုပဲ
IF ................အကယ်ရှ်
ဒီကဗျာလေးက မမသိပ်ကြိုက်တဲ့  ကဗျာလေးပါ   ဒေါ်အောင်ဆန်းစုကြည့်  ဘာသာပြန်ထားတာလဲ အရမ်းကိုကောင်းတယ် ချစ်ညီမလေး ကိုကေ…
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.