ဒါဆိုရင်.....ခုန်လိုက်
Posted on 19.2.2011 by
356zm
လွယ်ပါတယ်
ရေဟာ မျက်ရည်ထဲက လာတယ်
လွယ်ပါတယ်
ဒုက္ခဟာ သုခထဲကလာတယ်
လွယ်ပါတယ်
အချစ်ဟာ သံသယထဲက လာတယ်
လွယ်ပါတယ်
သစ်ပင်ဟာ ဓားအိမ်ထဲက လာတယ်
လွယ်ပါတယ်
ငွေဟာ တွင်းထဲက လာတယ်
လွယ်ပါတယ်
နာမ်ဟာ နံထဲက လာတယ်
လွယ်ပါတယ်
ကမာဟာ ကဗျာထဲက လာတယ်
လွယ်ခြင်းအကြေင်း
လာခြင်းအကြောင်း
သမီးရေ....
သမီးအနားက မီး ဘယ်သူ မီးနဲ့ငြှိမ်းလိုက်လဲ
သမီးအနားက ရေ ဘယ်သူရေနဲ့ကူးလိုက်လဲ။ ။
Read article
Add Comment