မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၂

Опубликовано 21.01.2011 tharhtootbr

ပုပ္ပါးစောရဟန်းမင်း

From Myanmar Online Encyclopedia

ပုပ္ပါးစောရဟန်းမင်းသည် ပုဂံရာဇ၀င်တွင် သက္ကရာဇ် ဖြိုသောမင်းအဖြစ် ထင်ရှားလေသည်။ ကောဇာ သက္ကရာဇ် ၅၃၅-ခုတွင် နန်းတက်သည်။ ကောဇာ သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် (ခေါ်) ပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခန်းဆပဉ္ဇာ ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

ပုဂံရာဇ၀င်တွင် စောရဟန်းမင်း နှစ်ပါးရှိသည်။ ပုပ္ပားစောရဟန်းမင်းကို သက္ကရာဇ်ဖြို စောရဟန်းမင်းဟု ခေါ်၍ တောင်သူကြီးမင်းကို ညောင်ဦးစောရဟန်း ဟု ခွဲခြားသတ်မှတ်သည်။

ပျဉ်ပြားမင်း

From Myanmar Online Encyclopedia

ပျဉ်ပြားမင်းသည် ပုဂံမင်းဆက် (၃၃) ဆက်မြောက် ခဲလူးမင်း ပြီးနောက် တက်သောမင်းဖြစ်သည်။ ပျဉ်ဖျား(ပြား) (ခေါ်) ပျဉ်ပြားမင်းသည် (ခရစ်-၈၄၆) ကောဇာသက္ကရာဇ် ၂၀၈-ခုတွင် ပုဂံမြို့ကို တည်ထောင်တော် မူသည်။

တန်နက်မင်း

From Myanmar Online Encyclopedia

 တန်နက်မင်း သက္ကရာဇ် ၂၂၀ မှ ၂၃၈

တန်နက်မင်းသည် ပုဂံမင်းဆက် (၃၄) ဆက်မြောက် ပျဉ်းပြားမင်း၏ သားတော်ဖြစ်သည်။ ပုဂံထီးနန်းကို လက်ရှိနေရာသို့ ပြောင်းရွှေ့ အသစ်ဆောက်ခဲ့သော မင်းဖြစ်သည်။

တန်နက်မင်း ထီးနန်းစိုးစံချိန် ၂၈ နှစ် ရှိချိန်တွင် မြင်းခံငခွေး က တန်နက်မင်း ကို မြင်းချေးကန် သို့ တွန်းချ လုပ်ကြံပြီး နန်းတက်ခဲ့ပြီး နန်းတက်ခဲ့ရာ တန်နက်မင်း ၏ မိဖုရားတစ်ပါးသည် တန်နက်မင်း၏ ပဋိသန္ဓေကို ဆောင်ပြီး ကြောင်ဖြူအရပ်တွင် မထင်မရှား ဇတ်မြုတ်ရင်း ကြောင်ဖြူမင်းသားငယ် ကွမ်းဆော်ကြောင်ဖြူကို မွေးဖွားခဲ့၏။

စလေငခွေး

From Myanmar Online Encyclopedia

စလေငခွေး ပုဂံမင်းဆက် (၃၅) ဆက်မြောက် တန်နက်မင်း ထီးနန်းစိုးစံချိန် ၂၈ နှစ် ရှိသောအခါတွင် မြင်းခံငခွေး ခေါ် စလေငခွေး က တန်နက်မင်း ကို မြင်းချေးကန်သို့ တွန်းချလုပ်ကြံပြီး နန်းတက်ခဲ့သည်။

  • (သာမာန်လှေထိုးသား ငခွေး၏ ထိုးဝါးတွင် မနောလင်ပန်း(ရွှေလင်ပန်း)များ ငြိတွယ်ပါလာဖူးသည်ဆိုသည်။ငါ၏ဘုန်းကံ အမှန်ကောင်းမွန်နေပါက ဤမျှဖြင့် မတင်းတိမ်နိုင်ဟု တွေးမိကာ ရေ၌ပြန်လည် စွန့်လွှတ်ခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။)

စလေငခွေးသည် မင်းဖြစ်သောအခါ သူမုန်းသောလူများကို ရေကန်ထဲသို့ချ၍ ဆင်ပေါ်မှနေပြီး လှံနှင့်ထိုးသတ်သည်။ သတ်ဖန်များလျှင် ပြည်သူလူထုက မခံနိုင်၍ စလေငခွေးမင်းအား ဆင်နှင့်တကွ ရွှံ့နွံဗွက်အိုင်ထဲသို့ ပို့၍ ရွှံ့လုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်၍ အသက်ကုန်စေသည်။ [1]

စလေငခွေးမင်း ကံကုန်သောအခါ သူ၏ သားတော် သိန်းခိုမင်း ထီးနန်းဆက်ခံသည်။

 

 

 

(သူငယ်ချင်း မိတ်ဆွေများသို့ ကျွန်တော်ဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခုကို ကျွန်တော် လုပ်ဖို့ အွန်လိုင်းမှာရှာတာကြာပြီ အခုကျွန်တော်ရှာလို့တွေပါပြီ..။ အဲဒါက မြန်မာသမိုင်း အခြေ အခံဖြစ်တဲ့ မှန်နန်းရာဇာဝင် ပါပဲ..။ လူမျိုးစုတစ်ခုမှာ သမိုင်းရှိပါတယ်..။ သမိုင်းရှိမှာလဲ လူမျိုးစု တည်တံခိုင်မြဲမှာပါ..။ထို အတူ လူမျိုးစုတိုင်း ကိုယ့်သမိုင်းကို ကိုယ်သိဖို့လိုပါတယ်..။ ဒါမှာ ကိုယ်အဖေနာမည် ကိုယ်အမေနာမည်ပြောပြတတ်တဲ့ သူတွေဖြစ်မှာပါ...။ နောက်တစ်ခုတောင်းပန်လိုတာက ကမ္ဘာတစ်ဝှမ်းမှာ လူကိုလူချင်း မြိုတဲ့ ထလေ့ထုံးစံတွေရှိလာပါပြီ..။ မြန်မာလူမျိုး ကမ္တာတည်သရွေ့ ၇ှိဖို့ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်း လူမျိုး မြိုတဲ့ အန္တရာယ် ကို ကြံကြံခိုင်ကာကွယ်နိုင်ဖို့ အတွက် မြန်မာ သမိုင်းကို မြန်မာလူမျိုးတိုင်းသိဖို့ အထူးလို့အပ်ပါတယ်...။ ဒါကြောင့် သူငယ်ချင်းရဲ့ အွန်လိုင်းသုံးတဲ့အချိန်ခဏကို မြန်မာသမိုင်းနှင့် မှန်နန်းရာဇာဝင် ကို ဖတ်စေချင်ပါတယ် ဝေငှါစေလို့ပါတယ်။ ကျွန်တော် နောက်ထပ်ဂတိပေးမှာက မှန်းနန်းရာဇာဝင်မပြီးသ၍ ကျွန်တော် ကဗျာမရေးပါဘူး တခြားဆောင်းပါးမရေးပါဘူး...။ ကျွန်တော် မှန်းနန်းရာဇာဝင်ကို အပိုင်းခွဲပြီး သူငယ်ချင်းတွေကို ဝေငှာသွားပါမည်...။ကျေးဇူးတင်ပါသည်..။)

 


--

TBR(လင်း)

Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← မြန်မာသမိုင်းနှင့် မှန်နန်းရာဇ…   Вернуться в блог   မြန်မာသမိုင်းနှင့် မှန်နန်းရာဇ… →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.