လိပ်ပြာ သိစေ....။
Išsiųsta 2010-12-27 iki
tharhtootbr
လိပ်ပြာရေ ....
မင့်တောင်ပံတစ်ချက်ခတ်သံက
ငါရင်ခွင်တစ်ခုလုံး ရုပ်ထွေးစေပါတယ်...။
လိပ်ပြာရေ...
မင့် ဥပက္ခာ တစ်ချက်က
ငါ့နုလုံးသား ကွဲအပ်မတပ်ထိုးစိုက်တတ်တဲ့
လှံတံ တစ်ခုပါ...။
ဒါတွေကို မင်းမသိပေမဲ့
ငါငိုနေကြ အခန်းလေးက သိပါတယ်လေ..။
မင်းစာနာရင်
ပြုံးပြပေးပါ့လား
လိပ်ပြာရေ.......!
သိပ်ချစ်တယ်ကွာ..!
မင်းမကြားအောင် တိုးတိုးလေးပဲ
ငါပြောနေမိတယ်...။
TBR (လင်း)