လူ့ပေါက်ပန်း
Išsiųsta 2010-12-04 iki
tharhtootbr
လူ့ပေါက်ပန်း
ချစ်သူ့ရင်ခွင်
အတွေးလွင်ရင်း
အိပ်ခွင့်ကြုံသော်
မေးမပျော်ဘိ
နေမထိပန်းကို
မနမ်းရက်သာ
အကျွန်သာ အရုံးများရခဲ့ပြီ...။
ချစ်သူဘဝ
စိန်နှင့်မြနဲ
ခန့်လှစုံလင်
ဖိုးထိုက်တန်ဖို့
အနားရွှေကွပ်
နားတွင်ဝတ်လိုက်ပါလေ..ချစ်သူရေ...။
အုပ်ကြားကမြက်
မထွန်းတက်မို့
မြေပေါ်မှာထား
ခြေတော်ဖျားနဲ နင်းခဲ့ပါလေ ချစ်သူရေ..။
မီခဲကြားပြာ
ဖုန့်မှုန့်သာသာ
ဖြစ်ကာနေလို့
မီးဖိုခွင်နောက် ယုက်လိုက်ပါလေ...ချစ်သူရေ...။
ဘဝသိပန်း
လူ့ပေါက်ပန်းမို့
အပြစ်မမြင်
မုန်းမဝင်ပါဘု့ ချစ်သူဆွေ...။
မော်ဒန်မကြ စကားပြောဆန်ဆန်တွေရေးတာများနေတယ်ပြောလို့ ကာရံချိတ်ရေးလိုက်တာပါ..။ ကျွန်တော်စာတွေ ဝေဖန်သူတွေကိုကျေးဇူးတင်ပါတယ်..။ ဝါသနာ အဆင့်သာရှိပါသည်..။
--
TBR(လင်း)