အဖျားရှူးဇာတ်သိမ်း
Posted on 23/02/2010 by
prettygloria
Tags: အဖျားရှူးဇာတ်သိမ်း
ပရိဘောဂဆိုင်ကြီး ပိုင်ရှင်တစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများ
ဝယ်ယူရန် နယူးယောက်မြို့သို့ ရောက်လာခဲ့လေသည်။ သူတည်းသော
ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့မှာ တကယ်လှ တကယ်ချောသော
မိန်းမပျိုလေးနှင့် တွေ့ဆုံရ၏။ မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့
တစ်ယောက် ဘာသာစကားကို တစ်ယောက်က နားမလည်။
ထို့ကြောင့် သူက မှတ်စုစာအုပ်လေးကို ထုတ်ယူပြီး အငှားကားတစ်စီးပုံ
ဆွဲပြလိုက်၏။ သူကလေးက ပြုံး၍ ခေါင်းညိတ်၏။ သို့ဖြင့် သူတို့ အငှားကားဖြင့်
ပန်းခြံထဲ ရောက်ခဲ့ကြ သည်။
ထို့နောက် သူက စားသောက်ဆိုင်ပုံ ဆွဲပြပြန်၏။ ဆိုင်ထဲရှိ စားပွဲတစ်လုံးပုံ ဆွဲ၏။
စားပွဲပေါ်မှာ အမေးလက္ခဏာပုံလေး ထည့်လိုက်၏။ သည်တော့လည်း သူကလေးက
ပြုံးပြီး ခေါင်းညိတ်ပြန်၏။ သို့ဖြင့် သူတို့ စားသောက်ဆိုင်မှာ ညစာစားဖြစ်သွားကြ၏။
ညစာစားအပြီးမှာ သူက ကချေသည်လေး နှစ်ယောက်ပုံကို ဆွဲပြပြန်၏။
သူကလေး အထာပေါက်သွား၏။ ထိုညမှာ သူတို့ နိုက်ကလပ်တွင်
ပျော်ပျော်ပါးပါး အားပါးတရ ကကြလေ၏။ က လို့ ၀သွားသည်တွင် သူကလေးက
ခဲတန်နှင့် စာရွက်တောင်းယူပြီး နှစ်ယောက်အိပ် ကုတင်ကြီးပုံတစ်ပုံ ဆွဲပြလိုက်၏။
သည်တွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ကြက်သေသေသွားတော့၏။
ရင်သပ်အံ့သြ သွားတော့၏။
``ဟား…အံ့ရော၊ အံ့ရော၊ ကျုပ် ပရိဘောဂဆိုင်ရှင်ဆိုတာ ဒီသူငယ်မ ဘယ်လိုလုပ်
သိသွားတယ် မသိပါဘူးဗျာ။ အံ့ရော..အံ့ရောပဲ´´တဲ့လေ။